ဖ၁. CCTV ဆိုတာ တခ်ိန္လံုး မ်က္ေစ့ေဒါက္ေထာက္ၾကည့္ေနႏိုင္မွ တခုခုျဖစ္ရင္ ခ်က္ခ်င္းသိတာပါ။ အဲလိုၾကည့္မေနလ်င္ ျဖစ္ၿပီးမွ ျပန္ၾကည့္လို႔ပဲရပါတယ္။ ကာကြယ္လို႔မရပါ။ နပ္တဲ့သူခိုးက CCTV စက္ပါျဖဳတ္သြားလို႔ ဘာမွတ္တမ္းမွ မက်န္ခဲ့တာ ေတြ႕ဖူးပါတယ္။
၂၊ မျဖစ္ခင္ကာကြယ္ခ်င္လ်င္ Burgler alarm စနစ္ေတြ ဝယ္လို႔ရပါတယ္။ တံခါးဟသြားလ်င္ ျမည္တဲ့ Door sensor , တံခါးေရွ႕၊ ျပဳတင္းေပါက္၊ အခန္းထဲ က လႈပ္ရွားမႈေတြ ရွိလ်င္ ျမည္တဲ့ Motion sensor ေတြ တပ္ရပါတယ္။ အိမ္ေမြး တိရိစာၦန္ရွိလို႔ လိုက္ကာေလထဲလြင့္လို႔ မေတာ္တဆ ထထျမည္မွာ ၊ လူမေနဘဲထားခဲ့တဲ့ဆိုင္မွာ တပ္မွာ၊ စသည္အေျခအေနေတြကို ထည့္တြက္ၿပီး ကိုယ္လိုသလိုေရြးတပ္လို႔ရပါတယ္။ Motion sensor ကို မီးလံုး မီးေခ်ာင္းအနီးမွာတပ္မိလ်င္ ပိုးေကာင္ဖမ္းတဲ့ အိမ္ေႁမွာင္ေတြေၾကာင့္ ထျမည္ပါတယ္။ စနစ္ကိုလိုက္လို႔ တခ်ိဳ႕က
အင္တာနက္ခ်ိတ္ထားၿပီးလ်င္ alert message ကို ဖုန္းထဲ အီးေမးထဲပို႔ေပးပါတယ္။ SIM ထည့္ထားၿပီး ထည့္ေပးထားတဲ့ နံပတ္ေတြကို ေခၚေပးတာလည္းရွိပါတယ္။
၃။ တခ်ိဳ႕ CCTV မွာ alarm system တြဲတပ္လို႔ရပါတယ္။ သူလဲ အီးေမးတို႔ မက္ေဆ့တို႔ ပို႔ပါတယ္
၄။ အာမခံေသတၱာ၊ မီးခံေသတၱာဆိုတာ ေသးလ်င္ မ ၿပီး ယူသြားလိုရတာေၾကာင့္ အဲလို မျဖစ္ေအာင္ နံရံမွာ အေသစြဲထားရပါတယ္။ တခ်ိဳ႕ေတြက အေနာက္နံရံ (သို႔) အခင္းနဲ႔ မူလီေတြနဲ႔ အခိုင္အမာစြဲထားပါတယ္။ အဲလိုစြဲမထားလ်င္ေတာ့ ေသာ့ခတ္ထားတဲ့ ေလးလံေသာ ေသတၱာတလံုးဆိုတာထက္မပိုပါဘူး။ ကြန္ကရစ္နဲ႔ ငံုထားလ်င္ အစိုဓါတ္မမ်ားဖို႔ သတိထားသင့္ပါတယ္။ မိုးတြင္းမွာ အထဲကပစၥည္းေတြ ပိုက္ဆံကပါလာတဲ့ မွိုတက္လို႔ လူကိုလည္း က်န္းမာေရးထိခ်ဳက္ပါတယ္။ မဝယ္ခင္ မိမိထားမယ့္ေနရာကိုလိုက္ၿပီး ေသာ့ အမ်ိဳးစားကိုလည္း လိုအပ္ခ်က္အလိုက္ ေသေသခ်ာခ်ာေရြးဝယ္သင့္ပါတယ္။တန္ဖိုးႀကီးတာေတြ ထည့္ဖို႔ ျဖစ္တာေၾကာင့္ ေသတၱာတန္ဖိုးကို အေလးထားမေရြးသင့္ပါ။
ကိုယ္သိသေလာက္မွ်ေဝတာပါ။
သူတို႔ကလက္နက္ပါတတ္သလို လူသတ္မိ္ဖို႔ ဝန္ေလးမယ္မထင္။ security alarm ျမည္လ်င္ေတာ့ ဆက္မဝင္ပဲ ထြက္ေျပးဖို႔ မ်ားပါတယ္။ ပတ္ဝန္းက်င္ပါႏိုးတာကိုး ။ ရပ္ကြက္ မီးကင္ရွိရင္လဲ သတိထားမိေစပါတယ္။ alarm ျမည္လ်င္ မီးတခ်ိဳ႕ကို remote နဲ႔ ဖြင့္လိုက္လ်င္ သူတို႔ ဆက္မႀကိဳးစားလိုၾကပါ။ အိမ္အျပင္မွာ Security စနစ္တပ္ထားေၾကာင္း ကပ္ထားတာက အူေၾကာင္ေၾကာင္ႏိုင္တယ္ထင္ၾကေပမယ့္ စာဖတ္တတ္တဲ့ သူခိုးကိုေတာ့ အဟန့္ျဖစ္ေစပါတယ္။
Friday, 14 June 2019
Blind spots / လမ္းဆုံကိုမျဖတ္ခင္ ဘာေၾကာင့္ ရပ္၊ၾကည့္၊ ၿပီးမွသြား သင့္တာလဲ (လမ်းဆုံကိုမဖြတ်ခင် ကားကိုဘာကြောင့် ရပ်၊ကြည့်၊ ပြီးမှသွား သင့်တာလဲ)
အေမရိကားေရာက္မိတ္ေဆြတေယာက္က သူဟိုမွာကားေမာင္းတာ ဒါဏ္၂ခါထိဖူးတယ္၊ ၂ခါလုံး Stop sign မွာမရပ္လို႔တဲ့။
သူတို႔ဆီမွာ လမ္းဆုံေရာက္လို႔ ကိုယ့္လမ္းမွာ Stop sign ရွိလ်င္ အျခားလမ္းေပၚမွာ ကားမရွိလည္း ရပ္မ်ဥ္းေနာက္မွာ ရပ္ကိုရပ္ရတယ္ဆိုပဲ။
အျခားလမ္းေပၚမွာ ကားမွမရွိတာ ဘာလို႔ရပ္ရမွာလည္းလို႔ေမးစရာရွိလာပါတယ္။
ဟုတ္ကဲ့ အဲတာ အေရးႀကီးပါတယ္။
အျခားလမ္းေပၚမွာ ကားမွမရွိတာ မဟုတ္ဘဲ ရွိတဲ့ကားက ကိုယ့္ရဲ႕ blind spot ထဲေရာက္ေနလို႔ မျမင္ဘဲ ကိုယ္က လမ္းေပၚမွာကားမရွိဘူးလို႔ထင္တာ ျဖစ္နိုင္လို႔ပါ။
ကားေမာင္းတဲ့အခါ ကိုယ္မျမင္ႏိုင္တဲ့ blind spots ဆိုတာေတြရွိပါတယ္။
အဲဒီ blind spots ေတြထဲမွာေရာက္ေနတဲ့ ယာဥ္/ လူ စသည္တို႔ကို မျမင္လို႔ မေတာ္တဆျဖစ္ၾကတာ အေတာ္မ်ားလို႔ပါ။
ကားအမ်ိဳးစားအလိုက္ blind spots ေတြမတူၾကေပမဲ့ အားလုံးနီးပါးႀကဳံရတဲ့ blind spots ေတြရွိပါတယ္။
လူအမ်ားစုက Blind spots လို႔ဆိုလိုက္လ်င္ ပုံ ၁ မွာလို ဝဲယာေနာက္ၾကည့္မွန္ရဲ႕ ျမင္ကြင္းတို႔ကို ေက်ာ္လာၿပီး မ်က္ေစ့ရဲ႕ ေဘးဘက္ျမင္ကြင္းထဲ ဝင္မလာေသးတဲ့ blind spots ေတြနဲံ အလယ္ေနာက္ၾကည့္မွန္နဲ႔ ေဘးဘက္ ေနာက္ၾကည့္မွန္ ၾကားက ေပ်ာက္ေနတဲ့ မိမိ အေနာက္ဘက္ ဝဲယာ ေဘးႏွစ္ဘက္က blind spots ေတြကိုပဲ သိၾကပါတယ္၊
![]() |
| ပုံ ၁ (က) ဝဲယာေနာက္ၾကည့္မွန္ရဲ႕ ျမင္ကြင္းတို႔ကို ေက်ာ္လာၿပီး မ်က္ေစ့ရဲ႕ ေဘးဘက္ျမင္ကြင္းထဲ ဝင္မလာေသးတဲ့ blind spots |
![]() |
| ပုံ ၁ (ခ) ဝဲယာေနာက္ၾကည့္မွန္ရဲ႕ ျမင္ကြင္းတို႔ကို ေက်ာ္လာၿပီး မ်က္ေစ့ရဲ႕ ေဘးဘက္ျမင္ကြင္းထဲ ဝင္မလာေသးတဲ့ blind spots |
ပုံ ၂ မွာလို မိမိအေရွ႕ ဝဲယာမွာလည္း pillar blind spots
ပံု၂ (ခ) ထဲမွာ ကားအျဖဴနဲ႔ ကားအျပာ၂စီးလုံး လမ္းဆုံကို တသမတ္အရွိန္ေတြနဲ႔ ခ်ည္းကပ္လာရာမွာ
ကားအျဖဴေမာင္းသူရဲ႕ ယာဘက္က Blind spot မွာ ကားအျပာက ေပ်ာက္ေနပါတယ္။
ကားအျဖဴ ေနရာ ၁ နဲ႔ ၂ ေတြကိုေရာက္စဥ္မွာ ေမာင္းသူက ကားအျပာကိုလုံးဝ မျမင္ရဘဲ ေနရာ ၃ ကို ေရာက္ေတာ့မွ ကားအျပာရဲ႕တပိုင္းတစကိုျမင္
အဲဒီအခ်ိန္မွာ ရပ္ဖို႔ေနာက္က်သြားတာကို ေတြ႕ရမွာျဖစ္ပါတယ္။
ပုံ ၃ မွာလို႔ ကားရဲ႕ အေရွ႕တည့္တည့္ နဲ႔ အေနာက္တည့္တည့္ အနိမ့္ပိုင္းေတြ ရွိတယ္ဆိုတာကို သတိမမူမိတတ္ပါဘူး။ စနစ္က်တဲ့ ယာဥ္ေမာင္းသင္တန္းေတြမွာေတာ့ သင္ၾကားေပးမွာပါ။
ျမန္မာျပည္မွာက ေခတ္အဆက္ဆက္ ယာဥ္ေမာင္းလိုင္စင္ကို နည္းမ်ိဳးစုံနဲ႔ရ ၾကေတာ့ သိန္းေထာင္ေက်ာ္တန္ကားသာေမာင္းေနတယ္ ယာဥ္စည္းကမ္း လမ္းစည္းကမ္းေတြကို မသိသူက အမ်ားသား။
![]() |
| ပုံ ၃ ယာဥ္ေမာင္းမျမင္ရတဲ့ ကားရဲ႕ အေရွ႕တည့္တည့္ နဲ႔ အေနာက္တည့္တည့္ အနိမ့္ပိုင္း blind spots ေတြ |
ကားေလကာမွန္ရဲ႕ ေပါင္ႏွစ္ခုဟာ မိမိအေရွ႕ ဝဲယာမွာမွာ ကားတစီးကို ျမင္ကြင္းကေန အသာကေလး ေပ်ာက္သြားေစပါတယ္။
အလယ္ေနာက္ၾကည့္မွန္မွာ ခ်ိတ္ထားတဲ့ ပန္းကံုးတို႔ ဘုရားပံုတို႔ ကလည္း blind spot ျဖစ္ေစပါတယ္။
![]() |
| အလယ္ေနာက္ၾကည့္မွန္မွာ ခ်ိတ္ထားတဲ့ ပန္းကံုးတို႔ ဘုရားပံုတို႔ ကလည္း blind spot ျဖစ္ေစပါတယ္။ |
ႏွစ္စီးလုံးက လမ္းဆုံကို ခ်ဥ္းကပ္လာတဲ့ အရွိန္ကမေျပာင္းလ်င္ အဲဒီ ကန႔္လန႔္လမ္းေပၚကကားဟာ Blind spots ထဲကေနထြက္မလာဘဲ ၂စီးသား လမ္းဆုံမွာ တိုက္မိႏိုင္ပါတယ္။
အဲဒီကား ကိုယ့္ရဲ႕ Blind spot ထဲကေနထြက္လာဖို႔က ကားတစီးစီက ေမာင္းေနတဲ့ အရွိန္ကို ေျပာင္းလိုက္ဖို႔လိုပါတယ္။ ဒါေတာင္ passenger ဘက္က Blind spot ေနာက္ကြယ္ကကားဆို အရွိန္ကိုေျပာင္းၿပီးလည္း ခ်က္ခ်င္းလည္းမျမင္ရပါ။
အဲလိုျမင္ရေအာင္တစီးကလမ္းဆုံရပ္မ်ဥ္းမွာ ရပ္ရပါတယ္။
![]() |
| "ရပ္၊ၾကည့္၊သြား" |
အဲဒါေၾကာင့္ တူညီလမ္းဆုံပင္ျဖစ္ပါေစ တလမ္းထိပ္မွာ ရပ္မ်ဥ္းတားထားေပးပါတယ္။
ျမန္မာျပည္လမ္းဆုံတခ်ိဳ႕မွာလည္း ရပ္မ်ဥ္းေတြနဲ႔ "ရပ္၊ၾကည့္၊သြား" ဆိုတဲ့ ဆိုင္းဘုတ္ေတြရွိပါတယ္။
ကိုယ္က ရပ္လိုက္ခ်ိန္ (သို႔) အရွိန္ေလွ်ာ့လိုက္ခ်ိန္ က်မွ Blind Spot ထဲမွာ ကြယ္ေနတဲ့အရာက ျမင္ကြင္းထဲကိုေရာက္လာတာပါ။
ေနာက္တခုကေတာ့ ယာဥ္ေမာင္းရဲ႕ ေဘးခုံေပၚကသူပါ။
တခါက ေဘးကသူက ေျခနင္းေပၚက်သြားတဲ့ ပစၥည္းကို ကုန္းအေကာက္မွာ ကန႔္လန႔္ျဖတ္လမ္းကလာတဲ့ကားကို သူ႔ေခါင္းကကြယ္ၿပီး လုံးဝ မျမင္လိုက္လို႔ တိုက္မလို ျဖစ္ဖူးပါတယ္။
လမ္းဆုံေတြမွာ ယာဥ္ေမာင္းရဲ႕ ေဘးခုံေပၚကသူက ေဘး ျမင္ကြင္းကို မကြယ္မိေအာင္ သတိထားသင့္ပါတယ္။
ကိုယ္ကကားေမာင္းသူမဟုတ္လို႔ ဒါေတြကို သိစရာမလိုဘူးလို႔ေတာ့မထင္ပါနဲ႔၊
လမ္းအသုံးျပဳသူမွန္သမွ် လမ္းျဖတ္ကူးသူ၊ စက္ဘီး ဆိုင္ကယ္စီးသူေတြလဲ ကားေမာင္းသူရဲ႕ Blind spot မွာေရာက္ေနလွ်င္ အႏၲရာယ္ရွိတာေၾကာင့္ Blind spot ကို ေရွာင္ႏိုင္ဖို႔ သိထားသင့္ပါတယ္။
ကိုယ္က ကားရဲ႕ အေ႐ွ႕ဘက္ေဘးမွာ႐ွိလုိ႔ ယာဥ္ေမာင္းကျမင္မွာပါလို႔ေတာ့ တထစ္ခ်မယံုလိုက္ပါနဲ႔။
ယာဥ္အႏၲရာယ္ကင္းေဝးၾကပါေစ
ဖိုးသုည
3/05/2018
လမ်းဆုံကိုမဖြတ်ခင် ကားကိုဘာကြောင့် ရပ်၊ကြည့်၊ ပြီးမှသွား သင့်တာလဲ (Unicode)
အမေရိကားရောက်မိတ်ဆွေတယောက်က သူဟိုမှာကားမောင်းတာ ဒါဏ်၂ခါထိဖူးတယ်၊ ၂ခါလုံး Stop sign မှာမရပ်လို့တဲ့။
သူတို့ဆီမှာ လမ်းဆုံရောက်လို့ ကိုယ့်လမ်းမှာ Stop sign ရှိလျင် အခြားလမ်းပေါ်မှာ ကားမရှိလည်း ရပ်မျဉ်းနောက်မှာ ရပ်ကိုရပ်ရတယ်ဆိုပဲ။
အခြားလမ်းပေါ်မှာ ကားမှမရှိတာ ဘာလို့ရပ်ရမှာလည်းလို့မေးစရာရှိလာပါတယ်။
ဟုတ်ကဲ့ အဲတာ အရေးကြီးပါတယ်။
အခြားလမ်းပေါ်မှာ ကားမှမရှိတာ မဟုတ်ဘဲ ရှိတဲ့ကားက ကိုယ့်ရဲ့ blind spot ထဲရောက်နေလို့ မမြင်ဘဲ ကိုက လမ်းပေါ်မှာကားမရှိဘူးလို့ထင်တာ ဖြစ်နိုင်လို့ပါ။
ကားမောင်းတဲ့အခါ ကိုယ်မမြင်နိုင်တဲ့ blind spots ဆိုတာတွေရှိပါတယ်။
အဲဒီ blind spots တွေထဲမှာရောက်နေတဲ့ ယာဉ်/ လူ စသည်တို့ကို မမြင်လို့ မတော်တဆဖြစ်ကြတာ အတော်များလို့ပါ။
ကားအမျိုးစားအလိုက် blind spots တွေမတူကြပေမဲ့ အားလုံးနီးပါးကြုံရတဲ့ blind spots တွေရှိပါတယ်။
လူအများစုက Blind spots လို့ဆိုလိုက်လျင် ပုံ ၁ ကလို အလယ်နောက်ကြည့်မှန်နဲ့ ဘေးဘက် နောက်ကြည့်မှန် ကြားက ပျောက်နေတဲ့ မိမိ အနောက်ဘက် ဝဲယာ ဘေးနှစ်ဘက်က blind spots
ဝဲယာနောက်ကြည့်မှန်ရဲ့ မြင်ကွင်းတို့ကို ကျော်လာပြီး မျက်စေ့ရဲ့ ဘေးဘက်မြင်ကွင်းထဲ ဝင်မလာသေးတဲ့ blind spots တွေကိုပဲ သိကြပါတယ်၊
ပုံ ၂ မှာလို မိမိအရှေ့ ဝဲယာမှာလည်း pillar blind spots နဲ့
ပုံ ၃ မှာလို့ ကားရဲ့ အရှေ့တည့်တည့် နဲ့ အနောက်တည့်တည့် အနိမ့်ပိုင်းတွေ ရှိတယ်ဆိုတာကို သတိမမူမိတတ်ပါဘူး။
စနစ်ကျတဲ့ ယာဉ်မောင်းသင်တန်းတွေမှာတော့ သင်ကြားပေးမှာပါ။
မြန်မာပြည်မှာက ခေတ်အဆက်ဆက် ယာဉ်မောင်းလိုင်စင်ကို နည်းမျိုးစုံနဲ့ရ ကြတော့ သိန်းထောင်ကျော်တန်ကားသာမောင်းနေတယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို မသိသူက အများသား။
pillar blind spots
ကားလေကာမှန်ရဲ့ ပေါင်နှစ်ခုဟာ မိမိအရှေ့ ဝဲယာမှာမှာ ကားတစီးကို မြင်ကွင်းကနေ အသာကလေး ပျောက်သွားစေပါတယ်။
အလယ်နောက်ကြည့်မှန်မှာ ချိတ်ထားတဲ့ ပန်းကုံးတို့ ဘုရားပုံတို့ ကလည်း blind spot ဖြစ်စေပါတယ်။
တခါတလေမှာ လမ်းဆုံကို ချဉ်းကပ်လာတဲ့ ကားမောင်းသူရဲ့ Blind spots ထဲမှာအရှေ့က ကန့်လန့်ဖြတ်လမ်းမှာ လမ်းဆုံကို ချဉ်းကပ်လာတဲ့ကားကရောက်နေတတ်ပါတယ်။
နှစ်စီးလုံးက လမ်းဆုံကို ချဉ်းကပ်လာတဲ့ အရှိန်ကမပြောင်းလျင် အဲဒီ ကန့်လန့်လမ်းပေါ်ကကားဟာ Blind spots ထဲကနေထွက်မလာဘဲ ၂စီးသား လမ်းဆုံမှာ တိုက်မိနိုင်ပါတယ်။
အဲဒီကား ကိုယ့်ရဲ့ Blind spot ထဲကနေထွက်လာဖို့က ကားတစီးစီက မောင်းနေတဲ့ အရှိန်ကို ပြောင်းလိုက်ဖို့လိုပါတယ်။ ဒါတောင် passenger ဘက်က Blind spot နောက်ကွယ်ကကားဆို အရှိန်ကိုပြောင်းပြီးလည်း ချက်ချင်းလည်းမမြင်ရပါ။
အဲလိုမြင်ရအောင်တစီးကလမ်းဆုံရပ်မျဉ်းမှာ ရပ်ရပါတယ်။
အဲဒါကြောင့် တူညီလမ်းဆုံပင်ဖြစ်ပါစေ တလမ်းထိပ်မှာ ရပ်မျဉ်းတားထားပေးပါတယ်။
မြန်မာပြည်လမ်းဆုံတချို့မှာလည်း ရပ်မျဉ်းတွေနဲ့ "ရပ်၊ကြည့်၊သွား" ဆိုတဲ့ ဆိုင်းဘုတ်တွေရှိပါတယ်။
ကိုယ်က ရပ်လိုက်ချိန် (သို့) အရှိန်လျှော့လိုက်ချိန် ကျမှ Blind Spot ထဲမှာ ကွယ်နေတဲ့အရာက မြင်ကွင်းထဲကိုရောက်လာတာပါ။
နောက်တခုကတော့ ယာဉ်မောင်းရဲ့ ဘေးခုံပေါ်ကသူပါ။
တခါက ဘေးကသူက ခြေနင်းပေါ်ကျသွားတဲ့ ပစ္စည်းကို ကုန်းအကောက်မှာ ကန့်လန့်ဖြတ်လမ်းကလာတဲ့ကားကို သူ့ခေါင်းကကွယ်ပြီး လုံးဝ မမြင်လိုက်လို့ တိုက်မလို ဖြစ်ဖူးပါတယ်။
လမ်းဆုံတွေမှာ ယာဉ်မောင်းရဲ့ ဘေးခုံပေါ်ကသူက ဘေး မြင်ကွင်းကို မကွယ်မိအောင် သတိထားသင့်ပါတယ်။
ကိုယ်ကကားမောင်းသူမဟုတ်လို့ ဒါတွေကို သိစရာမလိုဘူးလို့တော့မထင်ပါနဲ့၊
လမ်းအသုံးပြုသူမှန်သမျှ လမ်းဖြတ်ကူးသူ၊ စက်ဘီး ဆိုင်ကယ်စီးသူတွေလဲ ကားမောင်းသူရဲ့ Blind spot မှာရောက်နေလျှင် အန္တရာယ်ရှိတာကြောင့် Blind spot ကို ရှောင်နိုင်ဖို့ သိထားသင့်ပါတယ်။
ယာဉ်အန္တရာယ်ကင်းဝေးကြပါစေ
ဖိုးသုည
3/05/2018
Labels:
accident,
Blind spots,
Driving,
knowledge,
ယာဉ်အန္တရာယ်၊,
ယာဥ္အႏၲရာယ္
Tuesday, 11 June 2019
ေမာင္းရင္ (ဖုန္း)မပြတ္နဲ့ ပြတ္ရင္ မေမာင္းနဲ့(မောင်းရင် (ဖုန်း)မပွတ်နဲ့ ပွတ်ရင် မမောင်းနဲ့)
ေမာင္းရင္ (ဖုန္း)မပြတ္နဲ့ ပြတ္ရင္ မေမာင္းနဲ့
မႏွစ္က ႏွစ္ကုန္ ပုဂံသြားလည္ေတာ့ ကားငွားရတယ္။ကားဆရာက အေမာင္းကြၽမ္းတယ္၊ ရည္မြန္တယ္ သေဘာေကာင္းတယ္။
သူ႔ကို ခရီးစကတည္းက ကားေမာင္းရင္းဖုန္းေျပာတာကို မႀကိဳက္ေၾကာင္း အႏၲရာယ္မ်ားေၾကာင္း သြယ္ဝိုက္ေျပာထားတယ္။
သူကလည္းႏိုင္ငံျခားသားေတြနဲ႔အငွားလိုက္ရင္ ဖုန္း မေျပာရဲေၾကာင္းေျပာျပတယ္။
ခက္တာက သူက ကားသုံးစီးေထာင္ထားေတာ့ အလုပ္ကိစၥေတြဖုန္းခဏခဏဝင္တယ္။
ကားေမာင္းရင္ ဖုန္းေျပာတဲ့ ကိစၥကို ႀကဳံတိုင္းသြယ္ဝိုက္ေျပာေပမယ့္ကိုယ္ေတာ္ကမမႈ၊
ကိုယ္ကလည္း အၿမဲမေျပာခ်င္ဘူး၊ စိတ္အေႏွာက္ယွက္ျဖစ္ရင္ အက္ဆိဒင့္ျဖစ္မွာစိုးရေသးတယ္၊
ကိုယ္ေတြအားလုံးအသက္က သူလက္ထဲမွာေလ။
ဒါကလြဲရင္ အလုပ္မွာ ေစတနာကေတာ့ အျပည့္ပဲ။
ခရီးဆုံးတဲ့အထိ ဘာမွမျဖစ္ဘဲ အျပန္ၾကေတာ့ အျမန္လမ္းေပၚမွာ ညခရီးျဖစ္ကေရာ။
ဆရာသမားက ဖုန္းထဲက သီခ်င္းေတြတပုဒ္ၿပီးတပုဒ္ ရွာၿပီး ကားစပီကာနဲ႔ ခ်ိတ္ဖြင့္တယ္။
ဒါေတာ့မရေတာ့ဘူး။

ညဘက္ အမွာင္ထဲ တနာရီကီလို ၉၀ နဲ႔ေမာင္းေနတုန္း ဖုန္းတဖက္ပြတ္ၿပီး သီခ်င္းရွာတာကို သည္းမခံႏိုင္ေတာ့ ။ ကိုယ္လည္း တကယ္ေၾကာက္တာ။

ကို **. ဘာသီခ်င္းရွာခ်င္လည္းေျပာ၊ က်ေနာ္ရွာေပးမယ္။
မဟုတ္ရင္ ကားရပ္ၿပီးရွာခ်င္ရွာဗ်ာ ကားေမာင္းရင္းဒီလို သီခ်င္းရွာတာကေတာ့ အလြန္အႏၲရာယ္မ်ားတယ္၊ အိပ္ခ်င္ရင္ ကားရပ္အိပ္လို႔ရတယ္။ လဘက္ရည္ဝင္ေသာက္ခ်င္လည္းရတယ္၊ ေနာက္က်မွာကို မပူဘူး လို႔ ေျပာလိုက္တယ္။
ဒီေတာ့မွ ရပါတယ္ အကိုဆိုၿပီး ဖုန္းခ်လိုက္တယ္။
အမွန္ကသူ႔ အလုပ္ေပၚထားတဲ့ ေစတနာေၾကာင့္ ေဘာက္ဆူးေပးဖို႔ စဥ္းစားထားတာ၊
ခရီးစကတည္းက ေျပာထားပါလ်က္ ကားေမာင္းရင္းဖုန္းေျပာ ႐ုံမက အျမန္လမ္းမွာေမာင္းရင္း ဖုန္းထဲက သီခ်င္းကိုရွာလို႔ လ်ာထားတဲ့ေဘာက္ဆူး မေပးျဖစ္ခဲ့ ဘူး၊
စိတ္ေတာ့မေကာင္းဘူး။ သူကလည္းႏိုင္ငံျခားသားစီးေတာ့ ဖုန္းမေျပာဘဲေမာင္းၿပီး ကိုယ္ေတြက သတိေပးလ်က္နဲ႔ ကားေမာင္းရင္းဖုန္း သုံးတာကိုး.
ေနာင္ကို ကားငွားရင္ ကားေမာင္းစဥ္ ဖုန္းမသုံးရဆိုတဲ့ စည္းကမ္းကို စငွားကတည္းက ေသခ်ာေျပာရမယ္။ တခုခုျဖစ္ရင္ ကားေပၚပါတဲ့တမိသားစုလုံးဒုကၡေရာက္မွာ။
ဖိုးသုည
11/6/19
မောင်းရင် (ဖုန်း)မပွတ်နဲ့ ပွတ်ရင် မမောင်းနဲ့
မနှစ်က နှစ်ကုန် ပုဂံသွားလည်တော့ ကားငှားရတယ်။ (Unicode)
ကားဆရာက အမောင်းကျွမ်းတယ်၊ ရည်မွန်တယ် သဘောကောင်းတယ်။
သူ့ကို ခရီးစကတည်းက ကားမောင်းရင်းဖုန်းပြောတာကို မကြိုက်ကြောင်း အန္တရာယ်များကြောင်း သွယ်ဝိုက်ပြောထားတယ်။
အိပ်ချင်ရင် နား၊ စားချင်ရင်ရပ်စား ကိုယ်တွေက ပြသနာမရှိဘူး၊ ဘေးကင်းဖို့ အဓိကလို့ပြောထားတယ်။
သူကလည်းနိုင်ငံခြားသားတွေနဲ့အငှားလိုက်ရင် ဖုန်း မပြောရဲကြောင်းပြောပြတယ်။
ခက်တာက သူက ကားသုံးစီးထောင်ထားတော့ အလုပ်ကိစ္စတွေဖုန်းခဏခဏဝင်တယ်။
ကားမောင်းရင် ဖုန်းပြောတဲ့ ကိစ္စကို ကြုံတိုင်းသွယ်ဝိုက်ပြောပေမယ့်ကိုယ်တော်ကမမှု၊
ကိုယ်ကလည်း အမြဲမပြောချင်ဘူး၊ စိတ်အနှောက်ယှက်ဖြစ်ရင် အက်ဆိဒင့်ဖြစ်မှာစိုးရသေးတယ်၊
ကိုယ်တွေအားလုံးအသက်က သူလက်ထဲမှာလေ။
ဒါကလွဲရင် အလုပ်မှာ စေတနာကတော့ အပြည့်ပဲ။
ခရီးဆုံးတဲ့အထိ ဘာမှမဖြစ်ဘဲ အပြန်ကြတော့ အမြန်လမ်းပေါ်မှာ ညခရီးဖြစ်ကရော။
ဆရာသမားက ဖုန်းထဲက သီချင်းတွေတပုဒ်ပြီးတပုဒ် ရှာပြီး ကားစပီကာနဲ့ ချိတ်ဖွင့်တယ်။
ဒါတော့မရတော့ဘူး။
ညဘက် အမှာင်ထဲ တနာရီကီလို ၉၀ နဲ့မောင်းနေတုန်း ဖုန်းတဖက်ပွတ်ပြီး သီချင်းရှာတာကို သည်းမခံနိုင်တော့ ။ ကိုယ်လည်း တကယ်ကြောက်တာ။
ကို **. ဘာသီချင်းရှာချင်လည်းပြော၊ ကျနော်ရှာပေးမယ်။
မဟုတ်ရင် ကားရပ်ပြီးရှာချင်ရှာဗျာ ကားမောင်းရင်းဒီလို သီချင်းရှာတာကတော့ အလွန်အန္တရာယ်များတယ်၊ အိပ်ချင်ရင် ကားရပ်အိပ်လို့ရတယ်။ လဘက်ရည်ဝင်သောက်ချင်လည်းရတယ်၊ နောက်ကျမှာကို မပူဘူး လို့ ပြောလိုက်တယ်။
ဒီတော့မှ ရပါတယ် အကိုဆိုပြီး ဖုန်းချလိုက်တယ်။
အမှန်ကသူ့ အလုပ်ပေါ်ထားတဲ့ စေတနာကြောင့် ဘောက်ဆူးပေးဖို့ စဉ်းစားထားတာ၊
ခရီးစကတည်းက ပြောထားပါလျက် ကားမောင်းရင်းဖုန်းပြော ရုံမက အမြန်လမ်းမှာမောင်းရင်း ဖုန်းထဲက သီချင်းကိုရှာလို့ လျာထားတဲ့ဘောက်ဆူး မပေးဖြစ်ခဲ့ ဘူး၊
စိတ်တော့မကောင်းဘူး။ သူကလည်းနိုင်ငံခြားသားစီးတော့ ဖုန်းမပြောဘဲမောင်းပြီး ကိုယ်တွေက သတိပေးလျက်နဲ့ ကားမောင်းရင်းဖုန်း သုံးတာကိုး.
နောင်ကို ကားငှားရင် ကားမောင်းစဉ် ဖုန်းမသုံးရဆိုတဲ့ စည်းကမ်းကို စငှားကတည်းက သေချာပြောရမယ်။ တခုခုဖြစ်ရင် ကားပေါ်ပါတဲ့တမိသားစုလုံးဒုက္ခရောက်မှာ။
ဖိုးသုည
11/6/19
Wednesday, 5 June 2019
ဒီေဒးေနာက္ကြယ္က Merville Gun Battery အျမာက္စခန္းတိုက္ပြဲ (ဒီဒေးနောက်ကွယ်က Merville Gun Battery အမြာက်စခန်းတိုက်ပွဲ )
ဒီေဒးေနာက္ကြယ္က Merville Gun Battery အျမာက္စခန္းတိုက္ပြဲ (ေဇာ္ဂ်ီ)
ဒီေန႔ ၅-၆-၁၉ အဂၤလန္မွာ ေနာ္မန္ဒီကမ္းတက္တိုက္ပြဲစခဲ့တဲ့ ဒီေဒး ၇၅ ႏွစ္ေျမာက္ အခမ္းအနားကို က်င္းပပါတယ္။![]() |
| All of the D-Day veterans at the event in Portsmouth were more than 90 years old |
![]() |
| As part of the commemoration, the RAF's Red Arrows performed a flypast |
ရာသီဥတုဆိုး'႐ြားလို႔ တရက္ေနာက္ဆုတ္လိုက္ရတဲ့ အတြက္တကယ္ကမ္းတက္တာကေတာ့ ၁၉၄၄ ခုဇြန္လ ၆ရက္ပါ။
အခမ္းအနားမွာ ပါတဲ့ အစီအစဥ္တခုကေတာ့ ဒီေဒးနဲ႔ပတ္သက္တဲ့ ထင္ရွားတဲ့ ျဖစ္စဥ္ေတြကို အမွတ္တရ ျပန္ေျပာၿပီး ဂုဏ္ျပဳၾကပါတယ္။
အဲဒီကမ္းတက္ စစ္ဆင္ေရးေအာင္ျမင္ေအာင္ လူမသိသူမသိ ေနာက္ကြယ္က လုပ္ေပးရတဲ့ တပ္ဖြဲ႕ေတြ တိုက္ပြဲေတြနဲ႔ ဆုံးရႈံးမႈေတြ အမ်ားႀကီးရွိပါတယ္။
တခုကေတာ့ အမွတ္ ၉ ေလထီးတပ္ရင္း တပ္မႉး ဒုဗိုလ္မႉးႀကီး Terence Otway တာဝန္ယူခဲ့တဲ့ အထူးစစ္ဆင္ေရးပါ။ သူ႔ရဲ႕တပ္ဖြဲ႕က Merville Battery ဆိုတဲ့ ေနာ္မန္ဒီ ကမ္းတက္မယ့္ ေနရာကိုကာကြယ္ဖို႔ တည္ေဆာက္ထားတဲ့ အေျမာက္ႀကီးေတြကို ဖ်က္ဆီးဖို႔တာဝန္ယူရပါတယ္။
| Terence Otway |
Merville Gun Battery
အဲဒီ Merville Battery အေျမာက္စခန္း ဟာ ၆ေပအထူ သံကူ ကြန္ကရစ္နဲ႔ေဆာက္ထားတဲ့ အေျမာက္ဘန္ကာ၊ ခဲယမ္းသိုေလွာင္ရံု၊ လူေနဘန္ကာနဲ႔ ကြပ္ကဲေရး အေဆာက္အဦေတြပါဝင္ပါတယ္။အထဲမွာ မီတာ ၈၀၀၀ ေရာက္ေအာင္ပစ္ႏိုင္တဲ့ ခ်က္ႏိုင္ငံလုပ္ ၁၀၀ မီလီမီတာ အေျမာက္ႀကီးေလးလက္ကို ၂၀ မီလီမီတာ ေလယာဥ္ပစ္စက္အေျမာက္နဲ႔ စက္ေသနတ္ ပစ္စင္ ၁၅ ခုကကာကြယ္ေပးထားၿပီး ၁၅ေပက်ယ္ၿပီး ၅ ေပျမင့္တဲ့ သံဆူးႀကိဳးစည္း႐ိုး ၂ထပ္၊ ေပ၁၀၀ နက္တဲ့ မိုင္းကြင္း၊ တင့္ကားရန္ကာကြယ္တဲ့ေျမာင္းေတြနဲ႔ အထပ္ထပ္ကာကြယ္ထားပါတယ္။
![]() |
| Merville Gun Battery အေျမာက္ ဘန္ကာတခု |
![]() |
| Merville Gun Battery အေျမာက္ ဘန္က ေျမပံု |
![]() |
| Merville Gun Battery အေျမာက္ ဘန္က ဗံုးၾကဲခံရျပီးကာစ |
အဲဒီအေျမာက္ခံတပ္ဟာ မဟာမိတ္တပ္ေတြ ျပင္သစ္ကမ္းေျခကို ျပန္တက္လာမွာကို ကာကြယ္ဖို႔ တည္ေဆာက္ထားတဲ့ အတၱလန္တိတ္ တံတိုင္းလို႔လို႔ေခၚတဲ့ ဟစ္တလာရဲ႕ အဓိကခံစစ္တခုပါ။
မဟာမိတ္ေတြအတြက္လည္း ျပင္သစ္ကို ကမ္းတက္ရင္ ပထမဆုံးတိုက္ခိုက္ရမယ့္ေနရာပါ။
ဒီ အေျမာက္ေတြကို အခ်ိန္မီမဖ်က္ႏိုင္လ်င္ ကမ္းတက္တပ္ဖြဲ႕ေတြ အဆုံးအရႈံးအလြန္မ်ားႏိုင္တာပါ။
ဒီေဒးမတိုင္မီမွာ မဟာမိတ္နဲ႔ နာဇီ ၂ ဘက္လုံးက သူလွ်ိဳေတြကလည္း ႏွစ္ဘက္လုံးမွာ ေျခခ်င္းလိမ္ေနေအာင္ စစ္သတင္းေတြကိုရယူေနခ်ိန္ျဖစ္ပါတယ္။
Terence Otway ရဲ႕ ေလထီးတပ္ဟာ တိုက္ပြဲမဝင္ခင္မွာ အလားတူ အေျမာက္စခန္းပုံစံတည္ေဆာက္ၿပီး ေလထီးဆင္းတိုက္ခိုက္မႈကိုးႀကိမ္ (ညဘက္ေလးႀကိမ္) ေလ့က်င့္ရပါတယ္
သူတို႔ရဲ႕ အလြန္အေရးႀကီးတဲ့လွ်ိဳ႕ဝွက္ မစ္ရွင္ကို မေပါက္ၾကားဖို႔ အေလးအနက္ထားတဲ့တပ္မႉး Terence Otway ကသူ႔တပ္သားေတြရဲ႕ သတင္းလုံးၿခဳံမႈကို ပုံမွန္မဟုတ္နဲ႔ နည္းနဲ႔စစ္ေဆးခဲ့ပါတယ္။
အရံေလတပ္ အမ်ိဳးသမီးအမႉထမ္းေတြထဲက အလွဆုံး ၃၀ ကိုေ႐ြးၿပီ အရပ္သားဟန္ေဆာင္ေစကာ သူ႔တပ္သားေတြ ေလ့က်င့္ေနတဲ့စခန္းနားက အရက္ဆိုင္ေတြကိုေစလႊတ္ပါတယ္။
သူတို႔တာဝန္က အားလပ္ခ်ိန္ေတြမွာ အဲဒီအရက္ဆိုင္ေတြကို လာၿပီး စားေသာက္ေပ်ာ္ပါးၾကတဲ့ Terence Otwayရဲ႕ ေလထီးစစ္သားေတြထံက သတင္းကို သူတို႔ သုံးႏိုင္သမွ် နည္းမ်ိဳးစုံးသံုးၿပီး ရႏိုင္သမွ် ႏႈိက္ယူဖို႔ပါ။
ဒါေပမယ့္ ေလထီးစစ္သားေတြထံက ဘာစစ္သတင္းမွ မေပါက္ၾကားခဲ့ဘူးလို႔ဆိုပါတယ္။အလုပ္ကို ေစ့စပ္ေသခ်ာပုံက အတုယူစရာပါ။
သူ႔ရဲ႕တပ္ဖြဲ႕ဝင္ေတြ သတင္းလုံၿခဳံတာေသခ်ာၿပီဆိုမွ ဒီေဒးမတိုင္မီ သူတို႔စစ္ဆင္ေရးစပါတယ္။
ဒါကလည္း ဒီေဒးႏုဲ႔ အခ်ိန္ကိုက္လႈပ္ရွားရတာပါ။ သိပ္ေစာလို႔မရသလို အေျမာက္ေတြကို အခ်ိန္မီသိမ္းပိုက္ႏိုင္ဖို႔ကလည္း အေရးႀကီးပါတယ္။
သူတိုကို အေျမာက္ႀကီးေတြရဲ႕ေနာက္ေက်ာကို ဒီေဒးမတိုင္မီညမွာ ေလထီးနဲ႔ ခ်ေပးခဲ့တာပါ။
အမွတ္၉ ေလထီးတပ္ရဲ႕ စစ္သည္ ၆၀၀ ကိုစစ္အင္ဂ်င္နီယာတပ္နဲ႔ စက္မဲ့ ေလယာဥ္တပ္ေတြက ပံ့ပိုးကူညီၿပီး ဂ်စ္ကား, ေနာက္တြဲ, လက္နက္ခဲယမ္း၊ တင့္ကားပစ္ လက္နက္၊ မီးလွ်ံေသနတ္စသည္တိုကိုပါပို႔ေဆာင္ရပါတယ္။ ေလထီးဆင္း စစ္ေျမျပင္ လူနာတင္အဖြဲ႕ကလည္းအားျဖည့္ေပးသလို ေကနဒါအမွတ္၁ ေလထီးတပ္ကလည္းအေျမာက္ေတြကို တိုက္ခိုက္မယ့္ သူတို႔ တပ္ေတြ အဝင္ အထြက္ကို ကာပစ္ပစ္ေပးဖို႔တာဝန္ယူပါတယ္။
ေလထီးတပ္ဖြဲ႕ေတြအဲဒီအေျမာက္စခန္းကေန မနက္ ၅ နာရီ ေနာက္ဆုံးထားဆုတ္ခြာေပးရမွာပါ။ ၿပီးတာနဲ႔ HMS Arethusa စစ္သေဘၤာက ေန Merville Battery စခန္းတခုလုံးကို အေျမာက္နဲ႔ ပစ္ဖို႔စီစဥ္ထားပါတယ္။
တကယ္စစ္ဆင္ရာမွာေတာ့ ေလထီးတပ္ေတြ ေျမျပင္ကိုဆင္းတာနဲ႔ အခက္အခဲမ်ိဳးစုံကို ရင္ဆိုင္ရပါတယ္။
၁၉၄၄ ခုသန္းေကာင္အလြန္ ဇြန္လ ၆ရက္ မွာ ေရွ႕ေျပးတပ္နဲ႔ လမ္းၫႊန္တပ္တို႔ သတ္မွတ္ေနရာကို ေအာင္ျမင္စြာဆင္းခဲ့ေပမဲ့ ေနာက္ကလိုက္လာတဲ့ လန္ကက္စတာ ဗုံးႀကဲေလယာဥ္ေတြခ်တဲ့ ဗုံးေတြကေတာ့ အေျမာက္စခန္းေပၚမက်ဘဲလုံးဝလြဲက်ပါတယ္။
တခါ လမ္းၫႊန္တပ္ဖြဲ႕ပါလာတဲ့ အခ်က္ျပေရဒီယိုကပ်က္စီးသြားခဲ့ၿပီး ဗုံးႀကဲရာက မီးခိုးနဲ႔ အပ်က္အစီးေတြ ဖုံးကြယ္ေနလို႔ သူတို႔ျပတဲ့ အခ်က္ျပမီးေတြကို တကယ့္ ေလထီးတပ္ကို ခ်မဲ့ပိုင္းေလာ့ေတြက မျမင္ႏိုင္ျဖစ္ေနျပန္ပါတယ္။
မနက္တနာရီမွာ ေလထီးတပ္နဲ႔ စက္မဲ့ ေလယာဥ္ေတြဟာ သတ္မွတ္တဲ့ ဧရိယာမွာ ဆင္းႏိုင္ခဲ့ေပမဲ့ အကြာအဝး အေတာ္မ်ားမ်ားအထိျပန္႔ႀကဲသြားခဲ့ပါေတာ့တယ္။
မနက္ ၂နာရီ၅၀ မွာ စစ္သည္ ၁၅၀ ပဲ Bangalore torpedoes ဆိုတဲ့ လမ္းရွင္းေဖါက္ခြဲေရး ပစၥည္း၂၀၊ စက္ေသနတ္တခ်ိဳ႕၊ အေပါ့စားလက္နက္ေတြနဲ႔ ဆုံရပ္ကိုေရာက္လာပါတယ္။ စိန္ေျပာင္း၊ မိုင္းရွာကရိယာ၊ တင့္ဖ်က္လက္နက္၊ ဂ်စ္ကားမ်ား၊ စစ္ေျမျပင္ လူနာတင္အဖြဲ႕နဲ႔ စစ္အင္ဂ်င္နီယာအဖြဲ႕ေတြကို မျမင္ရေသးပါဘူး။
အခ်ိန္အလြန္နည္းေနတဲ့အတြက္ တပ္မႈး Otway က က်န္တပ္ေတြနဲ႔ လက္နက္ကရိယာေတြကို မေစာင့္ဘဲ စစ္ဆင္ဖို႔ ဆုံးျဖတ္ပါတယ္။
ႀကိဳေရာက္ေနတဲ့ ေထာက္လွမ္းေရးအဖြဲ႕ က ဆူးႀကိဳးေတြကိုျဖတ္ၿပီး မိုင္းကြင္းကိုျဖတ္ကာအေျမာက္ေလးလက္ေနရာကို ခ်ီတက္ဖို႔ လမ္းေၾကာင္းေလးခုေ႐ြးေပးပါတယ္။
သူတို႔ေစာင့္ေနတဲ့ ေနာက္ထပ္စက္မဲ့ ေလယာဥ္၃စီးမွာ ၂စီးသာထြက္လာႏိုင္ၿပီး ေနရာလြဲဆင္းခဲ့သလို ေလယာဥ္ပစ္လက္နက္ထိမွန္ထံရျပန္ပါတယ္။ အဲဒီေလယာဥ္ေတြထဲကစစ္သည္ေတြကေတာ့ ဂ်ာမန္ စစ္ကူေတြနဲ႔ တိုက္ခိုက္ရပါတယ္။
တပ္မႈး Otway က ေနာက္ထပ္ရာေက္တဲ့ တပ္ေတြကို အားကိုးမရေတာ့လို႔ တပ္ဖြဲ႕ကို ေလးခုခြဲၿပီး Bangalore torpedoes အကူညီနဲ႔ အတားအဆီးေတြကို ဖ်က္စီးခ်ီတက္ၾကပါတယ္၊ Bangalore torpedoes ေတြေၾကာင့္ ဂ်ာမန္ေတြ သူတို႔လာတာကို သတိထားမိသြားတဲ့ အတြက္ေလထီးတပ္သားေတြ အက်အဆုံးမ်ားပါတယ္။
မဝင္စီးခင္ဗုံးႀကဲမႈေၾကာင့္ ဂ်ာမန္ေတြကအေျမာက္ႀကီးေတြကို ျဖဳတ္ၿပီး ဘန္ကာအတြင္းထဲ ထည့္ထားရာမွာ ေလဝင္ေလထြက္ရေအာင္ သံမဏိတံခါးေတြကို ဟထားခဲ့ပါတယ္။
ေလထီးတပ္ေတြက အဲ ဒီအခြင့္အေရးကို ရယူၿပီလက္ပစ္ဗုံးေတြသံုးလို႔ အေျမာက္ဘန္ကာေတြကို ဝင္စီးႏိုင္ခဲ့ပါတယ္။
အေျမာက္ဘန္ကာေတြရၿပီးတဲ့ ေလထီးတပ္မွာ အေျမာက္ေတြကိုဖ်က္စီးဖို႔ ေဖါက္ခြဲပစၥည္းနဲ႔စစ္အင္ဂ်င္နီယာေတြပါမလာဘူးျဖစ္ေနပါတယ္။ ဒါနဲ႔ သူတို႔နဲ႔ပါလာတဲ့ ယမ္းေပ်ာ့နဲ႔ လက္ပစ္ဗုံးေတြကိုသာသုံးၿပီး အေျမာက္ႀကီးေတြကို ဖ်က္စီးဖို႔ႀကိဳးစားရပါတယ္။
မနက္ ၅နာရီမထိုးမီမွာေတာ့ ၿဗိတိသွ်ေလထီးတပ္ရဲ႕ အသက္ရွင္က်န္ရစ္သူ ၇၅ ဦးဟာ သတ္မွတ္ထားတဲ့အတိုင္းအေျမာက္စခန္းကို စြန္႔ၿပီး ဒုတိယပစ္မွတ္ျဖစ္တဲ့ La Plein ႐ြာကေလးကိုခ်ီတက္ရပါတယ္။
ေလထီးတပ္ေတြဆုတ္ခြာသြားတာနဲ႔ ဂ်ာမန္ေတြ အေျမာက္ေတြကို ျပန္လည္သိမ္ပိုက္ၿပီး ၂လက္ကိုျပန္သံုးႏိုင္ခဲ့ပါတယ္။ မဟာမိတ္ေတြ ကမ္းတက္လာတဲ့ Sword ကမ္းေျခကို အေျမာက္ စခန္းက မျမင္ရေပမဲ့ ေရွ႕တန္းက ၇၃၆ ေျခလ်င္တပ္ရဲ႕ အကဲၾကဥ့္အဖြဲ႕က ဂ်ာမန္အျမာက္ေတြကို ပစ္မွတ္ၫႊန္ျပေပးႏိုင္ခဲ့ပါတယ္။ ေနာက္ေန႔ ဇြန္လ၇ ရက္မွာ အမွတ္ ၃ ကြန္မန္ုဒိုတပ္က အဲဒီအေျမာက္ေတြကို ဝင္စီးဖို႔ႀကိဳးစားေပမယ့္အက်အဆုံးမ်ားၿပီး ဆုတ္ခြာရျပန္ပါတယ္။ မဟာမိတ္တပ္ေတြဟာ Merville Gun Battery အျမာက္စခန္းကို အၿပီးျပတ္ဖ်က္ဆီးႏိုင္ျခင္းမရွိဘဲ ၁၉၄၄ ဩဂုတ္လ ၁၇ရက္မွာ ဂ်ာမန္တပ္ေတြျပင္သစ္ျပည္ကေနဆုတ္ခြာေတာ့မွသာ ျပန္လည္ သိမ္းပိုက္ႏိုင္ပါေတာ့တယ္။
ဖိုးသုည
05-06-09
ဒီဒေးနောက်ကွယ်က Merville Gun Battery အမြာက်စခန်းတိုက်ပွဲ (ယူနီကုဒ်)
ဒီနေ့ ၅-၆-၁၉ အင်္ဂလန်မှာ နော်မန်ဒီကမ်းတက်တိုက်ပွဲစခဲ့တဲ့ ဒီဒေး ၇၅ နှစ်မြောက် အခမ်းအနားကို ကျင်းပပါတယ်။ရာသီဥတုဆိုး'ရွားလို့ တရက်နောက်ဆုတ်လိုက်ရတဲ့ အတွက်တကယ်ကမ်းတက်တာကတော့ ၁၉၄၄ ခုဇွန်လ ၆ရက်ပါ။
အခမ်းအနားမှာ ပါတဲ့ အစီအစဉ်တခုကတော့ ဒီဒေးနဲ့ပတ်သက်တဲ့ ထင်ရှားတဲ့ ဖြစ်စဉ်တွေကို အမှတ်တရ ပြန်ပြောပြီး ဂုဏ်ပြုကြပါတယ်။
အဲဒီကမ်းတက် စစ်ဆင်ရေးအောင်မြင်အောင် လူမသိသူမသိ နောက်ကွယ်က လုပ်ပေးရတဲ့ တပ်ဖွဲ့တွေ တိုက်ပွဲတွေနဲ့ ဆုံးရှုံးမှုတွေ အများကြီးရှိပါတယ်။
တခုကတော့ အမှတ် ၉ လေထီးတပ်ရင်း တပ်မှူး ဒုဗိုလ်မှူးကြီး Terence Otway တာဝန်ယူခဲ့တဲ့ အထူးစစ်ဆင်ရေးပါ။ သူ့ရဲ့တပ်ဖွဲ့က Merville Battery ဆိုတဲ့ နော်မန်ဒီ ကမ်းတက်မယ့် နေရာကိုကာကွယ်ဖို့ တည်ဆောက်ထားတဲ့ အမြောက်ကြီးတွေကို ဖျက်ဆီးဖို့တာဝန်ယူရပါတယ်။
Merville Gun Battery
အဲဒီ Merville Battery အမြောက်စခန်း ဟာ ၆ပေအထူ သံကူ ကွန်ကရစ်နဲ့ဆောက်ထားတဲ့ အမြောက်ဘန်ကာ၊ ခဲယမ်းသိုလှောင်ရံု၊ လူနေဘန်ကာနဲ့ ကွပ်ကဲရေး အဆောက်အဦတွေပါဝင်ပါတယ်။အထဲမှာ မီတာ ၈၀၀၀ ရောက်အောင်ပစ်နိုင်တဲ့ ချက်နိုင်ငံလုပ် ၁၀၀ မီလီမီတာ အမြောက်ကြီးလေးလက်ကို ၂၀ မီလီမီတာ လေယာဉ်ပစ်စက်အမြောက်နဲ့ စက်သေနတ် ပစ်စင် ၁၅ ခုကကာကွယ်ပေးထားပြီး ၁၅ပေကျယ်ပြီး ၅ ပေမြင့်တဲ့ သံဆူးကြိုးစည်းရိုး ၂ထပ်၊ ပေ၁၀၀ နက်တဲ့ မိုင်းကွင်း၊ တင့်ကားရန်ကာကွယ်တဲ့မြောင်းတွေနဲ့ အထပ်ထပ်ကာကွယ်ထားပါတယ်။
အဲဒီအမြောက်ခံတပ်ဟာ မဟာမိတ်တပ်တွေ ပြင်သစ်ကမ်းခြေကို ပြန်တက်လာမှာကို ကာကွယ်ဖို့ တည်ဆောက်ထားတဲ့ အတ္တလန်တိတ် တံတိုင်းလို့လို့ခေါ်တဲ့ ဟစ်တလာရဲ့ အဓိကခံစစ်တခုပါ။
မဟာမိတ်တွေအတွက်လည်း ပြင်သစ်ကို ကမ်းတက်ရင် ပထမဆုံးတိုက်ခိုက်ရမယ့်နေရာပါ။
ဒီ အမြောက်တွေကို အချိန်မီမဖျက်နိုင်လျင် ကမ်းတက်တပ်ဖွဲ့တွေ အဆုံးအရှုံးအလွန်များနိုင်တာပါ။
ဒီဒေးမတိုင်မီမှာ မဟာမိတ်နဲ့ နာဇီ ၂ ဘက်လုံးက သူလျှိုတွေကလည်း နှစ်ဘက်လုံးမှာ ခြေချင်းလိမ်နေအောင် စစ်သတင်းတွေကိုရယူနေချိန်ဖြစ်ပါတယ်။
Terence Otway ရဲ့ လေထီးတပ်ဟာ တိုက်ပွဲမဝင်ခင်မှာ အလားတူ အမြောက်စခန်းပုံစံတည်ဆောက်ပြီး လေထီးဆင်းတိုက်ခိုက်မှုကိုးကြိမ် (ညဘက်လေးကြိမ်) လေ့ကျင့်ရပါတယ်
သူတို့ရဲ့ အလွန်အရေးကြီးတဲ့လျှို့ဝှက် မစ်ရှင်ကို မပေါက်ကြားဖို့ အလေးအနက်ထားတဲ့တပ်မှူး Terence Otway ကသူ့တပ်သားတွေရဲ့ သတင်းလုံးခြုံမှုကို ပုံမှန်မဟုတ်နဲ့ နည်းနဲ့စစ်ဆေးခဲ့ပါတယ်။
အရံလေတပ် အမျိုးသမီးအမှူထမ်းတွေထဲက အလှဆုံး ၃၀ ကိုရွေးပြီ အရပ်သားဟန်ဆောင်စေကာ သူ့တပ်သားတွေ လေ့ကျင့်နေတဲ့စခန်းနားက အရက်ဆိုင်တွေကိုစေလွှတ်ပါတယ်။
သူတို့တာဝန်က သူတို့ သုံးနိုင်သမျှ နည်းမျိုးစုံးသံုးပြီး အားလပ်ချိန်တွေမှာ အဲဒီအရက်ဆိုင်တွေကို လာပြီး စားသောက်ပျော်ပါးကြတဲ့ Terence Otwayရဲ့ လေထီးစစ်သားတွေထံက သတင်းကို ရနိုင်သမျှ နှိုက်ယူဖို့ပါ။
ဒါပေမယ့် လေထီးစစ်သားတွေထံက ဘာစစ်သတင်းမှ မပေါက်ကြားခဲ့ဘူးလို့ဆိုပါတယ်။
အလုပ်ကို စေ့စပ်သေချာပုံက အတုယူစရာပါ။
သူ့ရဲ့တပ်ဖွဲ့ဝင်တွေ သတင်းလုံခြုံတာသေချာပြီဆိုမှ ဒီဒေးမတိုင်မီ သူတို့စစ်ဆင်ရေးစပါတယ်။
ဒါကလည်း ဒီဒေးနုဲ့ အချိန်ကိုက်လှုပ်ရှားရတာပါ။ သိပ်စောလို့မရသလို အမြောက်တွေကို အချိန်မီသိမ်းပိုက်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။
သူတိုကို အမြောက်ကြီးတွေရဲ့နောက်ကျောကို ဒီဒေးမတိုင်မီညမှာ လေထီးနဲ့ ချပေးခဲ့တာပါ။
အမှတ်၉ လေထီးတပ်ရဲ့ စစ်သည် ၆၀၀ ကိုစစ်အင်ဂျင်နီယာတပ်နဲ့ စက်မဲ့ လေယာဉ်တပ်တွေက ပံ့ပိုးကူညီပြီး ဂျစ်ကား, နောက်တွဲ, လက်နက်ခဲယမ်း၊ တင့်ကားပစ် လက်နက်၊ မီးလျှံသေနတ်စသည်တိုကိုပါပို့ဆောင်ရပါတယ်။ လေထီးဆင်း စစ်မြေပြင် လူနာတင်အဖွဲ့ကလည်းအားဖြည့်ပေးသလို ကေနဒါအမှတ်၁ လေထီးတပ်ကလည်းအမြောက်တွေကို တိုက်ခိုက်မယ့် သူတို့ တပ်တွေ အဝင် အထွက်ကို ကာပစ်ပစ်ပေးဖို့တာဝန်ယူပါတယ်။
လေထီးတပ်ဖွဲ့တွေအဲဒီအမြောက်စခန်းကနေ မနက် ၅ နာရီ နောက်ဆုံးထားဆုတ်ခွာပေးရမှာပါ။ ပြီးတာနဲ့ HMS Arethusa စစ်သင်္ဘောက နေ Merville Battery စခန်းတခုလုံးကို အမြောက်နဲ့ ပစ်ဖို့စီစဉ်ထားပါတယ်။
တကယ်စစ်ဆင်ရာမှာတော့ လေထီးတပ်တွေ မြေပြင်ကိုဆင်းတာနဲ့ အခက်အခဲမျိုးစုံကို ရင်ဆိုင်ရပါတယ်။
၁၉၄၄ ခုသန်းကောင်အလွန် ဇွန်လ ၆ရက် မှာ ရှေ့ပြေးတပ်နဲ့ လမ်းညွှန်တပ်တို့ သတ်မှတ်နေရာကို အောင်မြင်စွာဆင်းခဲ့ပေမဲ့ နောက်ကလိုက်လာတဲ့ လန်ကက်စတာ ဗုံးကြဲလေယာဉ်တွေချတဲ့ ဗုံးတွေကတော့ အမြောက်စခန်းပေါ်မကျဘဲလုံးဝလွဲကျပါတယ်။
တခါ လမ်းညွှန်တပ်ဖွဲ့ပါလာတဲ့ အချက်ပြရေဒီယိုကပျက်စီးသွားခဲ့ပြီး ဗုံးကြဲရာက မီးခိုးနဲ့ အပျက်အစီးတွေ ဖုံးကွယ်နေလို့ သူတို့ပြတဲ့ အချက်ပြမီးတွေကို တကယ့် လေထီးတပ်ကို ချမဲ့ပိုင်းလော့တွေက မမြင်နိုင်ဖြစ်နေပြန်ပါတယ်။
မနက်တနာရီမှာ လေထီးတပ်နဲ့ စက်မဲ့ လေယာဉ်တွေဟာ သတ်မှတ်တဲ့ ဧရိယာမှာ ဆင်းနိုင်ခဲ့ပေမဲ့ အကွာအဝး အတော်များများအထိပြန့်ကြဲသွားခဲ့ပါတော့တယ်။
မနက် ၂နာရီ၅၀ မှာ စစ်သည် ၁၅၀ ပဲ Bangalore torpedoes ဆိုတဲ့ လမ်းရှင်းဖေါက်ခွဲရေး ပစ္စည်း၂၀၊ စက်သေနတ်တချို့၊ အပေါ့စားလက်နက်တွေနဲ့ ဆုံရပ်ကိုရောက်လာပါတယ်။ စိန်ပြောင်း၊ မိုင်းရှာကရိယာ၊ တင့်ဖျက်လက်နက်၊ ဂျစ်ကားများ၊ စစ်မြေပြင် လူနာတင်အဖွဲ့နဲ့ စစ်အင်ဂျင်နီယာအဖွဲ့တွေကို မမြင်ရသေးပါဘူး။
အချိန်အလွန်နည်းနေတဲ့အတွက် တပ်မှုး Otway က ကျန်တပ်တွေနဲ့ လက်နက်ကရိယာတွေကို မစောင့်ဘဲ စစ်ဆင်ဖို့ ဆုံးဖြတ်ပါတယ်။
ကြိုရောက်နေတဲ့ ထောက်လှမ်းရေးအဖွဲ့ က ဆူးကြိုးတွေကိုဖြတ်ပြီး မိုင်းကွင်းကိုဖြတ်ကာအမြောက်လေးလက်နေရာကို ချီတက်ဖို့ လမ်းကြောင်းလေးခုရွေးပေးပါတယ်။
သူတို့စောင့်နေတဲ့ နောက်ထပ်စက်မဲ့ လေယာဉ်၃စီးမှာ ၂စီးသာထွက်လာနိုင်ပြီး နေရာလွဲဆင်းခဲ့သလို လေယာဉ်ပစ်လက်နက်ထိမှန်ထံရပြန်ပါတယ်။ အဲဒီလေယာဉ်တွေထဲကစစ်သည်တွေကတော့ ဂျာမန် စစ်ကူတွေနဲ့ တိုက်ခိုက်ရပါတယ်။
တပ်မှုး Otway က နောက်ထပ်ရာေက်တဲ့ တပ်တွေကို အားကိုးမရတော့လို့ တပ်ဖွဲ့ကို လေးခုခွဲပြီး Bangalore torpedoes အကူညီနဲ့ အတားအဆီးတွေကို ဖျက်စီးချီတက်ကြပါတယ်၊ Bangalore torpedoes တွေကြောင့် ဂျာမန်တွေ သူတို့လာတာကို သတိထားမိသွားတဲ့ အတွက်လေထီးတပ်သားတွေ အကျအဆုံးများပါတယ်။
မဝင်စီးခင်ဗုံးကြဲမှုကြောင့် ဂျာမန်တွေကအမြောက်ကြီးတွေကို ဖြုတ်ပြီး ဘန်ကာအတွင်းထဲ ထည့်ထားရာမှာ လေဝင်လေထွက်ရအောင် သံမဏိတံခါးတွေကို ဟထားခဲ့ပါတယ်။
လေထီးတပ်တွေက အဲ ဒီအခွင့်အရေးကို ရယူပြီလက်ပစ်ဗုံးတွေသံုးလို့ အမြောက်ဘန်ကာတွေကို ဝင်စီးနိုင်ခဲ့ပါတယ်။
အမြောက်ဘန်ကာတွေရပြီးတဲ့ လေထီးတပ်မှာ အမြောက်တွေကိုဖျက်စီးဖို့ ဖေါက်ခွဲပစ္စည်းနဲ့စစ်အင်ဂျင်နီယာတွေပါမလာဘူးဖြစ်နေပါတယ်။ ဒါနဲ့ သူတို့နဲ့ပါလာတဲ့ ယမ်းပျော့နဲ့ လက်ပစ်ဗုံးတွေကိုသာသုံးပြီး အမြောက်ကြီးတွေကို ဖျက်စီးဖို့ကြိုးစားရပါတယ်။
မနက် ၅နာရီမထိုးမီမှာတော့ ဗြိတိသျှလေထီးတပ်ရဲ့ အသက်ရှင်ကျန်ရစ်သူ ၇၅ ဦးဟာ သတ်မှတ်ထားတဲ့အတိုင်းအမြောက်စခန်းကို စွန့်ပြီး ဒုတိယပစ်မှတ်ဖြစ်တဲ့ La Plein ရွာကလေးကိုချီတက်ရပါတယ်။
လေထီးတပ်တွေဆုတ်ခွာသွားတာနဲ့ ဂျာမန်တွေ အမြောက်တွေကို ပြန်လည်သိမ်ပိုက်ပြီး ၂လက်ကိုပြန်သံုးနိုင်ခဲ့ပါတယ်။ မဟာမိတ်တွေ ကမ်းတက်လာတဲ့ Sword ကမ်းခြေကို အမြောက် စခန်းက မမြင်ရပေမဲ့ ရှေ့တန်းက ၇၃၆ ခြေလျင်တပ်ရဲ့ အကဲကြဉ့်အဖွဲ့က ဂျာမန်အမြာက်တွေကို ပစ်မှတ်ညွှန်ပြပေးနိုင်ခဲ့ပါတယ်။ နောက်နေ့ ဇွန်လ၇ ရက်မှာ အမှတ် ၃ ကွန်မန်ုဒိုတပ်က အဲဒီအမြောက်တွေကို ဝင်စီးဖို့ကြိုးစားပေမယ့်အကျအဆုံးများပြီး ဆုတ်ခွာရပြန်ပါတယ်။ မဟာမိတ်တပ်တွေဟာ Merville Gun Battery အမြာက်စခန်းကို အပြီးပြတ်ဖျက်ဆီးနိုင်ခြင်းမရှိဘဲ ၁၉၄၄ ဩဂုတ်လ ၁၇ရက်မှာ ဂျာမန်တပ်တွေပြင်သစ်ပြည်ကနေဆုတ်ခွာတော့မှသာ ပြန်လည် သိမ်းပိုက်နိုင်ပါတော့တယ်။
ဖိုးသုည
05-06-09
ကိုးကား
https://en.wikipedia.org/wiki/Battle_of_Merville_Gun_Battery
https://en.wikipedia.org/wiki/Terence_Otway
https://www.bbc.co.uk/news/uk-48215675
Labels:
D-Day,
History,
Merville Gun Battery,
story,
Terence Otway
Subscribe to:
Comments (Atom)


















