အင်တာနက်ပေါ်က အများစိတ်ဝင်စားနေတဲ့ သတင်းတခုကို ဆန်းစစ်ခြင်း
သတင်း
ဘယ်လောက်မှန်တယ်ဆိုတာကို သိချင်လို့ ဆန်းစစ်ကြည့်တဲ့
လေ့ကျင့်ခန်းကလေးတခု လုပ်ခဲ့ပါတယ်။
အဓိ ဆန်းစစ်ဖို့
ကဏ္ဍ ၅နေရာကိုရွေးပါတယ်။
၁. သတင်းအပြည့်အစုံ
၂. သတင်းကို ရေးတဲ့ သတင်းစာ
သတင်းဌာများကို ယုံကြည်နိုင်မှု။
၃.
သတင်းပါအချက်အလက်များကိုဆန်းစစ်ခြင်း၊
၄. သတင်းမြစ်ဖျားခံရာ အရင်း အမြစ် ကို
ဆန်းစစ်ခြင်း၊
၅. သီးခြားအတည်ပြုနိုင်ခြင်းရှိမရှိ
ကို ဆန်းစစ်ခြင်း၊
၁. သတင်း
ပြီးခဲတဲ့ သီတင်းပတ်ကုန် ( မတ်လ ၉ ရက်
နဲ့ ၁၀ ရက်) မှာ ဆော်ဒီနိုင်ငံ ဂျက်ဒါမြို့ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပွာကို
ပျံတဲ့ ဆော်ဒီယားလေကြောင်း ခရီးစဉ်အမှတ် SV832 ဟာ လေဆိပ်က ထွက်လာပြီးမှ လေယာဉ်ပါခရီးသည်တဦးက
သူမရဲ့ကလေးလေဆိပ် ထဲမှာကျန်ခဲ့တာ သတိရပြီး အကူအညီတောင်းလို့ လေဆိပ်ကို
ပြန်လှည့်ခဲ့ရပါတယ်။
ဒီသတင်းကို နယူးစ်ဝိခ်၊ ဖေါက်စ် နရုူး။
တယ်လီဂရပ်ဖ်။ နရူးယောက် တိုင်မ်း။ စထရိတ်တိုင်းမ်း စတဲ့ နာမည်ကြီးသတင်းစာတွေ
အပါဝင် အင်တာနက် သတင်းများမှာ ပလူပျံသွားခဲ့ပါတယ် ။
လေယာဉ်က လေထဲရောက်မှ ပြန်လှည်တာလား
ပြေးလမ်းကိုသွားနေတုန်း ပြန်လှည့်တာလားဆိုတာတော့ မသေချာဘူးလို့ တချို့သတင်းမှာ
ဖြည့်ထားသလို နောက်ဆက်တွဲ ဘာဖြစ်တယ်ဆိုတာတော့ မသိပါလို့ ဆိုတာလေးတွေလည်းရှိပါတယ်။
https://www.newsweek.com/mother-baby-airport-plane-turn-around-terminal-jeddah-saudia-saudi-arabia-1358072
https://www.telegraph.co.uk/news/2019/03/12/flight-malaysia-forced-turn-around-mother-leaves-baby-airport/
https://simpleflying.com/saudia-flight-makes-a-u-turn-after-passenger-forgets-baby-in-airport/
https://www.independent.co.uk/travel/news-and-advice/saudia-flight-baby-airport-terminal-jeddah-kuala-lumpur-a8817966.html
https://www.foxnews.com/travel/flight-returns-saudi-arabia-airport-mom-left-baby-waiting-area
https://economictimes.indiatimes.com/magazines/panache/leaving-on-a-jet-plane-mother-forgets-baby-at-jeddah-airport-makes-flight-take-a-u-turn-after-take-off/articleshow/68370611.cms
၂. သတင်းကို ရေးတဲ့ သတင်းစာ
သတင်းဌာများကို ယုံကြည်နိုင်မှု။
- ရေးသားသောသတင်းစာနဲ့ သတင်းဌာနများ
ကိုကြည့်ရင် နိုင်ငံတကာက နာမည်ကြီး သတင်းစာတွေပါသလို တွေ့သမျှသတင်းကိုတင်နေတဲ့
အပေါစားသတင်းပေ့ခ်ျတွေလည်းများပါတယ်။
ဘီဘီစီ၊
စီအန်အန်တို့လိုသတင်းတွေမှာတော့ မပါပါ။
ဒါကလည်း သတင်းသေးသေးတွေကို
သူတို့မထည့်တာလို့ ယူဆလို့ရပါတယ်။
၃. သတင်းပါအချက်အလက်များကိုဆန်းစစ်ခြင်း၊
(က) - အမေက ကလေးကို
လေဆိပ်ထဲမှာမေ့ထားခဲ့ပြီး လေယာဉ်ပေါ်ကို တက်သွားတယ်။ လေယာဉ် ထွက်မှ သတိရတယ်။
ဖြစ်နိုင်ခြေကိုရေးရင် အတော်ရှည်ပါတယ်။ အကျယ်ကို အောက်မှာရေးထားပါတယ်။
ဒါပေမဲ့
လောကမှာမဖြစ်နိုင်ဘူးဆိုတာရယ်လို့ "
မွေးပြီးရင် မသေဘူးဆိုတာတခုပဲ ရာနှုန်းပြည့်မဖြစ်နိုင်" တာပါ။
အမေကကလေးကို လေဆိပ်ထဲမှာ
မေ့ခဲ့တယ်ဆိုတာ ( ဖြစ်နိုင်ပါတယ်)
ဒါပေမဲ့ ကလေး လေယာဉ်ပေါ်ကို ပါမလာတာကို
လေဆိပ်နဲ့ လေယာဉ်ဝန်ထမ်းတွေ မသိဘူးဆိုတာ (မဖြစ်နိုင်သလောက်) ပါပဲ။
ဘာကြောင့်လဲဆိုတော့ လုံခြုံရေးအရ
ချက်အင်လုပ်ထားတဲ့ ခရီးသည်လူစုံ လေယာဉ်ပေါ်ရောက် မရောက် စစ်ဆေးတဲ့ စနစ်ရှိလို့ပါ။
အထူးသဖြင့် ပစ္စည်းတင်ပေးပြီး လူကလေယာဉ်ပေါ်မတက်ဘဲ
ချန်နေခဲ့တဲ့သူများရှိမှာစိုးလို့ပါ။
နောက်တခုကတော့ " လေယာဉ်ပေါ်က
ဝန်ထမ်းတွေမှာ ခရီးသည်စာရင်းရှိပါတယ်။ လေယာဉ်မထွက်ခင် လူအရေတွက်စစ်ပါတယ်။
စာရင်းနဲ့ကိုက်မှထွက်တာပါ။
ပိုထူးခြားတာက သူတို့လေယာဉ်မှာပါတဲ့ ကလေးစာရင်း
အတိအကျစစ်ပါတယ်၊ ကလေးအတွက် ခါးပတ်၊ ပုခက်၊ ကလေးအစာတို့ကို ကြိုတင်ပြင်ဆင်ထားတာပါ၊
ဒါေကြောင့်ခရီးသည်တွေ တက်ပြီးတာနဲ့ ကလေးပါတဲ့ ခရီးသည်တွေဆီ လေယာဉ်မယ် လေယာဉ်မောင်တွေ
စာရွက်ကလေးနဲ့ လာပြီး ခါးပတ်ဘယ်လို ပတ်၊ ပုခက်ကို ဘယ်တော့ လာတပ်ပေးမယ်၊
ကလေးဘာအစားအစာ စားမယ်ဆိုတာကို ကလေးအတွက် အရုပ်လက်ဆောင်လာပေးရင်း ပြောပါတယ်။
အဲဒီတော့ လောယာဉ်ပေါ်ပါဝန်ထမ်းတွေ ကလေးတယောက်မတွေ့ရင် လေယာဉ်မထွက်မီကတည်းကသိမှာပါ။
(ခ)
သူမက အကူညီတောင်းလို့ပိုင်းလောက လေဆိပ်ကို ဆက်သွယ်ပြီး
ပြန်လှည့်ခွင့်တောင်းတယ်။ (ဖြစ်နိုင်ပါတယ်)
ထိန်းချုပ်မျှော်စင်က လေယာဉ်ကို ဂိတ်ကိုပြန်လာပါလို့
ပြောတယ်။
လေယာဉ်တစီး ဂိတ်ကခွာပြီးလို့
ပြန်လှည့်ချင်ရင် ခိုင်လုံသော အကြောင်းပြချက်လိုပါတယ်။ တခါက ကိုးရီးယားလိုင်း
ပိုင်ရှင်သမီးပြသနာလုပ်လို့ ဂိတ်ကိုပြန်လှည့်တော့လေကြောင်းလိုင်းနဲ့ လေဆိပ်
ပြသနာတွေ တက်ပါတယ်လိုင်းက ဒါဏ်ဆောင်ရပါတယ်။
ဒီကိစ္စမှာတော့
ပြန်လှည့်တယ်ဆိုတာလက်ခံလို့ရပါတယ်။ ဒါပေမဲ့ ထိန်းချုပ်မျှော်စင် ATCကနေ အိုကေ " ဂိတ်ကိုပြန်လာခဲ့" လို့
ပြောလို့မရပါ။ ပျံမတက်ရသေးလို့ ပြေးလမ်းကိုသွားနေတုန်း (Taxi လုပ်တုန်း) ပြန်လှည့်ရင်လည်း ပိုင်းလော့က
ရန်ကုန်ကကားတွေ ကိုယ်လှည့်ချင်တဲ့နေရာက ဂငယ်ကွေ့ကွေ့သလို လှည့်လို့မရပါ။ တာဝါက
ပိုင်းလေ့ာကို လေယာဉ် သွားနေတဲ့ နေရာကနေ ဘယ်ထွက်ပေါက် အမှတ်ကထွက် ဘယ်အမှတ်ကိုဝင်
စသည်ဖြင့် အတိအကျ ညွှန်ကြားပေးရပါတယ်။ လေထဲရောက်မှ ပြန်လှည့်လျင်လည်း အတူတူပါပဲ။
မျှော်စင်ကနေ လက်ရှိကွင်းကို ဆင်းမည့်လေယာဉ်တွေ တန်းစီနေတဲ့ ကြား ဘယ်လောက်ကနေ
ထည့်လို့ရမလည်း ကြည့်ပြီး လေယာဉ်ကို ဘယ်နေရာကနေပတ်ပြီးစောင့် အမြင့်ပေဘယ်လောက်
ဦးတည်ရာဘယ်အရပ်ကိုပျံ၊ ဘယ်လောက်ကို နှိမ့်ဆင်း ဆင်းပြီးရင် Taxi way နံပတ်ဘယ်လောက်ကနေ ဘယ်ကိုဝင် ဘယ်ဂိတ်ကိုသွား
စသည်ဖြင့် အသေးစိပ်ညွှန်ကြားရတာပါ၊ လမ်းပေါ်ကကားတွေလို လမ်းကျယ်တဲ့နေရာကနေ
ကားရှင်းရင် ပြန်လှည့်ခဲ့ လို့ လုပ်လို့မရပါ။
ပိုင်းလေ့ာတွေဟာ လေထဲ ကွင်းထဲမှာ
လေယာဉ်ကို ဘယ်လိုရွေ့လျားရမယ်ဆိုတာကို ATC မျော်စင်က
အဆင့်ဆင့် အသေးစိပ် ညွှန်ကြားပြီး ထိန်းချုပ်ထားတာပါ။
(ဂ) သတင်းမြစ်ဖျားခံရာ ယူတျုဘ် ဗွီဒီယို
သတင်းအားလုံးမြစ်ဖျားခံရာ
ယူတျူဘ်ဗွီဒီယိုမှာ စားပွဲနှစ်လုံးအဆက်မှာတင်ထားတဲ့ ရေဒီယို၊ အခန်းဖွဲ့ထားပုံ
ဆက်သွယ်ရေးရေဒီယိုဌာနတွေလို ပါတီးရှင်း အရှင်ကလေးတွေနဲ့၊ ပိုင်လော့ပြောတဲ့ အသံကို
အပြင်ကကြား တာဝက ထျန်းချုပ်သူဆိုသူပြန်ပြောတာကြားရ။
ဗွီဒီယိုထဲ့ က အခန်းပုံနဲ့
ရေဒီယိုဟာ ဂျက်ဒါက အသစ်ဆောက်ပြီးသွားတဲ့ လေဆိပ်ကြီူမျိုးရဲ့ ATC မျှော်စင် ထိန်းချုပ်ခန်းနဲ့ ရေဒီယိုမဟုတ်ပါ။ ATC
ထိန်းချုပ်ခန်း ဆိုတာ မှန်တွေပတ်လည်ကာထားပီး
လေဆိပ်တခုလုံးကို အပေါ်စီးကမြင်ရအောင် ကြည့်ရင်း ထျန်းချုပ်သူတွေ သူတို့ရှေ့က
ရေဒါမှန်ပြင်ကို ကြည့်၊ စားပွဲပေါ်က လေယာဉ်ရွေ့လျားမှုပြ အမှန်အသားတွေ ကို
စီရင်းပြောင်းရင်းခေါင်းဆောင်းနားကြပ်ကနေ ပြောတာပါ။ ကြေးနန်းရုံးက
ရေဒီယိုမျိုးမသုံးပါ။
ပြောဆိုသောစကားများ။
လေယာဉ်ကွင်းမှာ လေယာဉ် အများကြီးက
ရေဒီယိုဖွင့်ထားပြီး ဖရီကွင်စီ တခုထဲမှာ ပြောရလို့ ပြောသူက ကိုယ်ဘယ်သူလို့
ပြောရသလို ဘယ်သိုကို ပြောတယ်ဆိုတာလည်း ထည့်ပြောရပါတယ်။ ဒီဗွီဒီယိုထဲကပြောဆိုတာတွေက
လက်တွေ့မဆန်ပါ။
ကမ္ဘာတလွှားက လေဆိပ်အတော်များများရဲ့ ထိန်းချုပ်တာဝါနဲ့ ပိုင်းလော့တွေပြောဆိုနေကြတာကို ဒီမှာနားထောင်လို့ရပါတယ်။ https://www.liveatc.net/
(ဃ) သတင်း၏နောက်ဆက်တွဲ
ဒီလောက်စိတ်ဝင်စားစရာကောင်းတဲ့
သတင်းတပုဒ်ဟာ "လေယာဉ်က ကွင်းထဲက ဂိတ်ကိုပြန်လှည့်သွဦးလေသည် " ဆိုတာကြီးနဲ့ ဆုံးတာ
ဆံ့တငံ့ငံံ့ဖြစ်ပေဘူးလားဗျာ။
ဖြစ်သင့်တာာက
- ကလေးကို လေဆိပ်ဝန်ထမ်းတွေက
တွေ့လို့စောင့်ရှောက်ထားပြီးအေမေ့လက်ထဲ ပြန်အပ်တာတို့။
- အမေက လေဆိပ်ထဲ ဒေါင်းတောက်အောင်ရှာ
တခြားခရီးသည်တွေနဲ့ ဝန်ထမ်းတွေကဝိုင်းကူ၊ နောက်ဆုံး အိမ်သာခန်းချောင်ကလေးမှာ ကလေးက
လက်တွန်းလှည်းကလေးထဲကနေ ဝူးဝူးဝါးဝါးပြောတာကြားမျ ရှိ တွေ့။
- ကလေးပြန်တွေ့တော့ အမေက
လေကြောင်းလိုင်းနဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်
ကလေးနဲ့ အမေပါတွဲပြီး အမှတ်တရ ဓါတ်ဖမ်းကြ။
- လေယာဉ်ပေါ်ပါခရီးသည် ၂၀၀
ကျော်ကလည်း သူတို့ ခရီးစဉ်နောက်ကျ ပေမဲ့
ကလေးနဲ့ အမေအတွက် ဝမ်းသာ, ဖုန်းတွေနဲ့ ဂါတ်ဖမ်း ဆိုရှယ် မီဒီယာ,တွေမှာတင်ကြ။
သတင်းစာ သတင်းဌာနဆိုတာ
လူအများစိတ်ဝင်စားတဲ့ သတင်းတွေကို ရေဆုံးရေဖျားလိုက်ကြလေ့ရှိတာပါ။
အခုတော့ အမေက ဘယ်နိုင်ငံသား၊ ခန့်မှန်း
အရွယ်၊ ဘယ်ကနေဘယ်ကိုသွားတဲ့ ခရီး၊ ကလေးက အသက်ဘယ်လောက်၊
သူခရီးဆက်ထွက်ဖြစ်သလား၊ နေခဲ့သလား၊ လေယာဉ်
ဘယ်လောက်နောက်ကျသွားသလဲ၊ ဘာမှမပါတဲ့ တုံးတိတိသတင်း
(င) အထောက်အထားများ
သတင်းနဲ့ တွဲတင်ထားတဲ့ ဓါတ်ပုံတွေကတော့
သတင်းပါ အဖြစ်အပျက်က ပုံတွေတခုမှမဟုတ်ပဲ အဲဒီလေကြောင်းပိုင်လေယာဉ်တစီးစီးရဲ့ပုံ အမျိုးအစားပင် မတူကြ၊ အဲဒီလေဆိပ်ထဲကပုံတခုခု
၊ လေဆိပ်တခုခုထဲက ကလေးတယောက်ယောက်ငိုနေတဲ့ပုံ စသည်ဖြင့်
ထင်ယောင်ထင်များဖြစ်စရာ
ပုံကလေးတွေကိုတွေ့ရပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်တဲ့ နေ့ကပုံတင်ထားတာ
တခုမျှ မရှိပါ။
၄. သတင်းမြစ်ဖျားခံရာ အရင်း အမြစ် ကို
ဆန်းစစ်ခြင်း၊
သတင်းအများစုက GulfNews မှာဒီလိူရေးတယ်ဆိုပြီး ဖေါ်ပြကြသလို GulfNews
အပါဝင် တချို့ သတင်းတွေကတော့ ဆိုရှယ်
မီဒီယာတွေမှာရေးနေတဲ့ Youtube video ကို
ကိုးကားကြပါတယ်။
ဘယ်သူကမှ ဗွီဒီယိုထဲက
ပြောဆိုနေတာတွေကို သေချာဆန်းစစ်ရေးထားတာမတွေ့ပါ။
အဲဒီဗွီဒီယိုက
တကဲ့အဖြစ်မှန်ကိုရိုက်ထားတာပါလို့ ပြောလို့ မရပါဘူး။
အထက်မှာ ရေးထားသလို
သံသယဖြစ်စရာတွေအများကြီးပါ။
ခိုင်မာမှုမရှိတဲ့ တခုတည်းသော အရင်းအမြစ် ဖြစ်နေပါတယ်။
၅. သီးခြားအတည်ပြုနိုင်ခြင်းရှိမရှိ
ကို ဆန်းစစ်ခြင်း၊
သီးခြားအတည်ပြုနိုင်တဲ့ နည်းလမ်းများ
၁. သတင်းထောက်က
သက်ဆိုင်ရာလေကြောင်းလိုင်းကို တိုက်ရိုက်မေးမြန်းခြင်း
၂. သတင်းထောက်က သက်ဆိုင်ရာလေယာဉ်ကွင်း
အာဏာပိုင်ကိုမေးမြန်းုခင်း
၃. အဆိုပါလေယာဉ်ပါခရီးသည်များကို
သတင်းထောက်က မေးမြန်းခြင်း
၄. အဆိုပါလေယာဉ်ပါခရီးသည်များ
သူတို့အတွေ့အကြုံကို ဆိုရှယ်မီဒီယာများတွင် ရှဲထားတာကို ကိုးကားခြင်း။
ဒီလောက် ဖြစ်တောင့်ဖြစ်ခဲ အဖြစ်ကို
ကြုံသူတွေဟာ ပါလာတဲ့ ဖုန်းတွေနဲ့ ဓါတ်ပုံ ဗွီဒီယိုတွေ ရိုက်ပြီး တင်ကြမှာသေချာပါတယ်။
( ၇၈၇ လေယာဉ်က ခရီးသည် ၂၀၀
ကျော်ဆံ့ပါတယ်)
ဒီလောက် ဖြစ်တောင့်ဖြစ်ခဲ အဖြစ်ကို
ကြုံသူတခြားခ၇ီဂသည်တွေ တင်ထားတယ်ဆိုတဲ့ သတင်းတွေ ပုံတွေ အင်တာနက်နဲ့ ဆိုရှယ်
မီဒီယာတွေမှာ ရှိကြည့်ပါ။ တခုမှ မတွေ့ရပါဘူး။
(၁) သတင်းကို သတင်းစာကြီးတွေရဲ့ ဆိုက်မှာဖေါ်ပြေပေမဲ့ သူတို့သတင်းထောက်ကရေးတာမဟုတ်ဘဲ သူများသတင်းကို ပြန်ရေးပြတာဖြစ်နေတယ်။
(၂) အချက် အလက်တွေက သံသယဖြစ်စရာ ပြည့်နေတယ်။
(၃) သတင်းအရင်းအမြစ်အားလုံးက ဘာမဟုတ်တဲ့ ဗွီဒီယိုကလေးတခုကမြစ်ဖျားခံတယ်။
(၄) သီးခြားအတည်ပြုနိုင်တဲ့ အခြေအနေတွေအများကြီးရှိပါလျက် အတည်မပြုနိုင်ဘူး။
အချုပ်ကတော့ သတင်းအတုသာဖြစ်ပါတယ် ခင်ဗျား။
အမေက ကလေးကို လေဆိပ်ထဲမှာမေ့ထားခဲ့ပြီး လေယာဉ်ပေါ်ကို တက်သွားတယ်ဆိုတာဖြစ်နိုင်လား
ကလေးအမေမေ့ခဲ့နိုင်တဲ့ ဥပမာတွေကတော့
- Dury free မှာ ဈေးဝယ်ပြီး လောလော
လောလောထွက်လာလို့ကလေးကိုတွန်းလှည်းနဲ့ဆိုင်ထဲမှမေ့ခဲတာ။
- အိပ်နေတဲ့ကလေးကို
တွန်းလှည်းထဲထည့်အိပ်သာအဝင်ေဘးမှာထားပြီး အိမ်သာဝင်၊ အထဲမှာဖုန်းပွတ်ရင်း facebook
က စိတ်ဝင်စားစရာတွေ့လို့ ဖတ်ရင်းရှဲရင်း
ပြန်ထွက်လာတော့ ကလေးကို မေ့ပြီး လေယာဉ်ပေါ်တက်တဲ့အထိဖုန်းဆက်ပွတ် နေတော့
အိမ်သာအဝမှာကလေး လှည်းနဲ့ ကျန်ခဲ့တာကိုမေ့။
- Boarding gate ထဲမှာ ထိုင်စောင့်ရင်း
ကလေးတွန်းလှည်းကို လူတွေနဲ့လွတ်တဲ့ ချောင်တနေရာကို ရွှေ့ထား၊ သူက ဖုန်းပွတ်၊
လေယာဉ်ပေါ်တက်ဖို့ခေါ်တော့ ဖုန်းထဒက စိတ်ဝင်စားစရာကဖြတ်မရလို့ ကလေးကိုမေ့ခဲ့ပြီး
ထွက်လာ။
လေကြောင်းလိုင်းမှတ်တမ်းမှာ
ကလေးက passport သတ်သတ်ရှိသည်ဖြစ်စေ အမေရဲ့ passportထဲ့မှာဖြည့်စွက်ထားပြီး
နံပတ်တခုထဲသုံးသည်ဖြစ်စေ လက်မှတ်ကိုတော့ ကလေးအတွက် တစောင် သတ်သတ်ဝယ်ရပါတယ်။
အရွယ်မရောက်သေးတဲ့
ကလေးအတွက်လက်မှတ်ဝယ်လျင် လူကြီးတယောက်နဲ့တွဲ ဝယ်ရတာဖြစ်လို့ လေကြောင်းလိုင်းရဲ့
စာရင်းမှာ ကလေးနဲ့ အမေကို တွဲထားပြီး ဦးစားပေးထဲမှာ ထားပါတယ်။
ကလေးငယ်များအတွက် ရှေ့ဆုံတန်းနဲ့
ပုခက်၊ အစာစားတဲ့ကလေးအရွယ်အတွက် ကလေးစာကို
အရွယ်အလိုက်စီစဉ်ပေးရတာဖြစ်လို့ပါ။
check in
ပြည်ပခရီးစဉ်ဖြစ်လို့ မဖြစ်မနေ
လေဆိပ်ကောင်တာမှာ check in လုပ်ရပါမယ်။ အကယ်၍ အဲဒီမှာ
ကလေးပါမလာလျင် ကောင်တာဝန်ထမ်းက သေချာပေါက်သိပြီဂ မေးမျာဖြစ်ပါတယ်။
Boarding pass ကို ကလေးအတွက် တစောင်ထုတ်ပေးရမှာဖြစ်ပြီး ကလေး passport
နဲ့ Boarding
pass ၂ခုလုံး အမေရဲ့ passport နဲ့ Boarding pass တို့ နဲ့ အတူရှိ အမေထံမှာ။
လေယာဉ်ပြောင်းစီးသူဖြစ်လျင်တော့
ဒီအဆင့်ကို ထည့်တွက်လို့မရတော့ပါ။
Boarding gate
Boarding gate မှာ passport နဲ့ Boarding pass ကို စစ်ဆေးပါတယ်၊ စစ်ဆေးပုံ
ကအမျိုးမျိုးရှိပါတယ်။
တခါတလေ Boarding gate အဝင်မှာကတည်း စစ်ထားပြီး လေယာဉ်ပေါ် အတက်မှာ Boarding
pass ကိုပဲ
စစ်သလို၊ တခါတလေတော့ လေယာဉ်ပေါ် အတက်မှ Boarding
pass နဲ့ passport အတူ စစ်ပါတယ်။
ဘယ်လိုပဲစစ်စစ် လေယာဉ်ပေါ် အတက်မှာ
လူတယောက်ထဲနဲ့ Boarding pass ၂ခုပြလို့မရပါဘူး။ လူကုန်လျင် ဖြစ်သွားတဲ့ Boarding
pass နဲ့
ခရီးသည်စာရင်းတိုက်စစ်လို့ လူကျန်နေလျင် သိပါတယ်။
နောက်တခုကတော့ ဘယ်လေဆိပ်မဆို သက်ကြီးရွယ်အိုနဲ့ ကလေးငယ်ပါတဲ့ ခရီးသည်တွေကို
အရင်တက်ဖို့ခေါ်ပါတယ်။
အဲဒါကြောင့် ကလေးပါတဲ့ အမေကို
သတိပေးသလို ဖြစ်ပါတယ်။ ထားပါ ဖုန်းပွတ်နေလို့
သတိမထားမိဘူးဖြစ်ဖြစ်။ အရောက်နောက်ကျလို့ လူအများနဲ့ ရော ဝင်ရတယ်ဆိုဆို
မေ့နိုင်ပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လေယာဉ်ပေါ် အတက်မှာ
လူတယောက်ထဲနဲ့ Boarding pass ၂ခုပြလို့မရပါဘူး။
လူကုန်လျင် လေယာဉ်ပေါ်တက်သွားတဲ့ Boarding
pass နဲ့
ခရီးသည်စာရင်းတိုက်စစ်လို့ ၊ တက်ဖို့ လူကျန်နေလျင် သိပါတယ်။
ဒါကြောင့် ကလေးမပါဘဲ
အမေပဲလေယာဉ်ပေါ်ကိုတက်သွားလျင်
လေကြောင်းလိုင်းဝန်ထမ်းတွေ မသိစရာမရှိပါ။



No comments:
Post a Comment