Pages

Friday, 1 March 2019

လေယာဉ်ပျံပေါ်မှာ ခွေးတကောင်နဲ့ အတူစီးရမယ်လို့ တွေးဖူးပါသလား။ 9ေလယာဥ္ပ်ံေပၚမွာ ေခြးတေကာင္နဲ႔ အတူစီးရမယ္လို႔ ေတြးဖူးပါသလား။)


လေယာဉ်ပျံပေါ်မှာ ခွေးတကောင်နဲ့ အတူစီးရမယ်လို့ တွေးဖူးပါသလား။
ကျနော့ အနောက်က နောက်ဆုံးခုံတန်းမှာ ခွေးကြီးတကောင်ကို သူ့သခင် အဖွားကြီးတယောက်နဲ့အတူ ထိုင်နေတာကို တွေ့လိုက်ရပါတယ်။
ဟုတ်ကဲ့ အဲဒါ လေယာဉ်ပျံပေါ်မှာပါ။
၂၀၁၇ ခု ဇွန်လက  American Airlines ရဲ့ ပြည်တွင်းခရီးစဉ်တခုမှာပါ။
ဘေးခုံက ကပ္ပလီကလေးကသာ တလမ်းလုံးဆူညံနေအောင်ငိုလာတယ် ခွေးကတော့ ၂နာရီကျော် ခရီးတလျှောက်လုံးအသံတချက်မထွက်ပါ။
အာရှက လေကြောင်းလိုင်း အများစုက တိရိစ္ဆာန်တွေကို ခရီးသည်တွေနဲ့ အတူ လိုက်ပါခွင့်မပြုပါဘူး။
ဒါနဲ့ ထူးဆန်းနေလို့ အင်တာနက်မှာ ရှာကြည့်တော့မှ အမေရိကားနဲ့ အနောက်နိုင်ငံ လေကြောင်းလိုင်း တော်တော်များများမှာ တိရိစ္ဆာန်တွေကို ခရီးသည်တွေနဲ့ အတူ လိုက်ပါခွင့်ပြုထားပါတယ်။ စည်းကမ်းတွေက တော့ အမျိုမျိုးပါ.
အထူးသဖြင့်ကတော့ Service animals ဆိုတဲ့ ကိုယ်အင်္ဂါချို့ယွင်းချက်ရှိသူတွေကို ကူညီဖို့ ( ဥပမာ မျက်မမြင်၊ သက်ကြီးရွယ်အို ) စနစ်တကျ သင်ကြားထားတဲ့ တိရိစ္ဆာန်တွေနဲ့ ၊ emotional support animals ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိသူတွေကို ကူညီဖို့  မွေးထားတဲ့ တိရိစ္ဆာန်တွေကို ခရီးသည်တွေနဲ့ အတူ လိုက်ပါခွင့်ပြုထားပါတယ်။ emotional support animals တွေကိုတော့ သင်တန်းပေးစရာမလိုပါဘူး။ အများစုကတော့ လှောင့် အိမ်နဲ့ ယူလာပြီး မိမိအရှ့က ခုံအောက်မှာထားရပါတယ်။ တချို့ကိုတော့ မိမိ‌ခြေချတဲ့ နေရာမှာဝပ်နေလို့ရပါတယ်။
emotional support animals တွေကိုတော့ လှောင်ချိုင့်ထဲမှာ သို့မဟုတ် ကြိုးချဉ်ပြီး ပိုင်ရှင်ရဲ့ အနီးကပ်ထိန်းကျောင်းမှုအောက်မှာထားရပါတယ်။
လေဆိပ်ဝန်ထမ်းတွေက အဲဒီတိရိစ္ဆာန်တွေမှာ စနစ်တကျ သင်တန်းဆင်းထားတဲ့ လက်မှတ်ရှိ မရှိ မေးပဲမေးပြီး သေချာ စစ်ဆေးလေ့မရှိကြဘူးဆိုပါတယ်။
၂၀၁၇ ဒီဇင်ဘာ ၁၈ ရက်နေ့မှာတော့ အမေရိကရဲ့ အော်ရီဂွန်ပြည်နယ် ပို့တ်လန်း လေဆိပ်မှာ အလာစကာ လေကြောင်းနဲ့ ခရီးသွားဖို့ လေယာဉ်စောင့်နေတဲ့ ခရီးသည် ၅ နှစ်သမီး Gabriella Gonzalez  ကလေးက အနားမှာ အတူ စောင့်နေတဲ့ ခရီးသည်ရဲ့ emotional support ခွေးဘီလူးစပ်ကလေးကို ( လှောင်အိမ်မပါ)  ပွတ်သပ်ချော့မြှူခွင့် တောင်းခဲ့ ပါသတဲ့ ။  ခွင့်ပြုလို့ ခွေးကို ပွတ်သပ်ချော့မြှူစဉ် ခွေးက ကလေးမကလေးရဲ့ မျက်နှာကို ကိုက်လိုက်လို့ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပါတယ်။
Gabriella Gonzalez ကလေးမျက်နှာက အသား၊ အရေ အရိုး၊ မျက်ရည်ကြောင်း စသည်တို့ ပျက်စီးကုန်လို့ ခက်ခဲတဲ့ ခွဲစိပ်မှုတွေလိုအပ်ခဲ့တယ်ဆိုပါတယ်။ သူမ ရဲ့မိခင်က ခွေးပိုင်ရှင်နဲ့အတူ၊ ခွေးကို အများပြည်သူနေရာမှာလှောင်အိမ်မပါဘဲခေါ်ခွင့်ပြုတဲ့ အလာစကာ လေကြောင်းလိုင်းနဲ့ ပို့တ်လန်း လေဆိပ်တို့ကို တရားစွဲတာပါ။ ကလေးရဲ့ စိတ်ပိုင်း ရုပ်ပိုင်းထိခိုက်မှုနဲ့ ဆေးကုစားရိတ်တွေအတွက် ဒေါ်လာ ၁.၁ သန်း လျှော်ကြေးတောင်းထားပါတယ်.
 သင်ခန်းစာကတော့ ဘယ်လောက်ပဲ သင်ကြားထားတဲ့ တိရိစ္ဆာန်ဖြစ်ပါစေ ပိုင်ရှင်က သေသေချာချာကိုင်ပေးမထားရင် မိမိတို့ကလေးတွေနဲ့ လွှတ်မထားမိဖို့ပါ။

2014 တုန်းက ယူအက်စ်အဲယားလိုင်းရဲ့ လော့စ် အင်ဂျလိစ်ကနေ ဖီလာဒဲလ်ဖီးယားသွားတဲ့ လေယာဉ်ပေါ်မှာ ခရီးသည်ခွေးက အလယ်လျှောက်လမ်းမှာ အခင်းကြီး သုံးခါသွားတော့ လေယာဉ်အမှုထမ်းတွေလည်း သန့်ရှင်းရေးလုပ်စရာတစ်သျှူးတွေကုန်သွားပြီး ခရီး သည်တွေလည်း အနံ့ မခံနိုင်တာကြောင့် ကန်ဆော့စ် မှာ အရေးပေါ်ဆင်းသက်ပြီး သန့်ရှင်းရေး လုပ်ခဲ့ရတယ် ဆိုပါတယ်။


ဖိုးသုည
01-03-2019

https://www.indiatoday.in/lifestyle/travel/story/dog-poop-us-airways-flight-emergency-landing-195539-2014-06-03



http://www.airline-pet-policies.com/american-airlines-pet-policy.php

https://twitter.com/ChrisLeonardATL/status/740177984288477185 

ေလယာဥ္ပ်ံေပၚမွာ ေခြးတေကာင္နဲ႔ အတူစီးရမယ္လို႔ ေတြးဖူးပါသလား။ ( Zawgyi font) 


က်ေနာ့ အေနာက္က ေနာက္ဆုံးခုံတန္းမွာ ေခြးႀကီးတေကာင္ကို သူ႔သခင္ အဖြားႀကီးတေယာက္နဲ႔အတူ ထိုင္ေနတာကို ေတြ႕လိုက္ရပါတယ္။

ဟုတ္ကဲ့ အဲဒါ ေလယာဥ္ပ်ံေပၚမွာပါ။

၂၀၁၇ ခု ဇြန္လက  American Airlines ရဲ႕ ျပည္တြင္းခရီးစဥ္တခုမွာပါ။

ေဘးခုံက ကပၸလီကေလးကသာ တလမ္းလုံးဆူညံေနေအာင္ငိုလာတယ္ ေခြးကေတာ့ ၂နာရီေက်ာ္ ခရီးတေလွ်ာက္လုံးအသံတခ်က္မထြက္ပါ။

အာရွက ေလေၾကာင္းလိုင္း အမ်ားစုက တိရိစာၦန္ေတြကို ခရီးသည္ေတြနဲ႔ အတူ လိုက္ပါခြင့္မျပဳပါဘူး။

ဒါနဲ႔ ထူးဆန္းေနလို႔ အင္တာနက္မွာ ရွာၾကည့္ေတာ့မွ အေမရိကားနဲ႔ အေနာက္ႏိုင္ငံ ေလေၾကာင္းလိုင္း ေတာ္ေတာ္မ်ားမ်ားမွာ တိရိစာၦန္ေတြကို ခရီးသည္ေတြနဲ႔ အတူ လိုက္ပါခြင့္ျပဳထားပါတယ္။ စည္းကမ္းေတြက ေတာ့ အမ်ိဳမ်ိဳးပါ.

အထူးသျဖင့္ကေတာ့ Service animals ဆိုတဲ့ ကိုယ္အဂၤါခ်ိဳ႕ယြင္းခ်က္ရွိသူေတြကို ကူညီဖို႔ ( ဥပမာ မ်က္မျမင္၊ သက္ႀကီး႐ြယ္အို ) စနစ္တက် သင္ၾကားထားတဲ့ တိရိစာၦန္ေတြနဲ႔ ၊ emotional support animals ဆိုတဲ့ စိတ္ပိုင္းဆိုင္ရာ အားနည္းခ်က္ရွိသူေတြကို ကူညီဖို႔  ေမြးထားတဲ့ တိရိစာၦန္ေတြကို ခရီးသည္ေတြနဲ႔ အတူ လိုက္ပါခြင့္ျပဳထားပါတယ္။ emotional support animals ေတြကိုေတာ့ သင္တန္းေပးစရာမလိုပါဘူး။ အမ်ားစုကေတာ့ ေလွာင့္ အိမ္နဲ႔ ယူလာၿပီး မိမိအရွ႕က ခုံေအာက္မွာထားရပါတယ္။ တခ်ိဳ႕ကိုေတာ့ မိမိ‌ေျခခ်တဲ့ ေနရာမွာဝပ္ေနလို႔ရပါတယ္။

emotional support animals ေတြကိုေတာ့ ေလွာင္ခ်ိဳင့္ထဲမွာ သို႔မဟုတ္ ႀကိဳးခ်ဥ္ၿပီး ပိုင္ရွင္ရဲ႕ အနီးကပ္ထိန္းေက်ာင္းမႈေအာက္မွာထားရပါတယ္။

ေလဆိပ္ဝန္ထမ္းေတြက အဲဒီတိရိစာၦန္ေတြမွာ စနစ္တက် သင္တန္းဆင္းထားတဲ့ လက္မွတ္ရွိ မရွိ ေမးပဲေမးၿပီး ေသခ်ာ စစ္ေဆးေလ့မရွိၾကဘူးဆိုပါတယ္။

၂၀၁၇ ဒီဇင္ဘာ ၁၈ ရက္ေန႔မွာေတာ့ အေမရိကရဲ႕ ေအာ္ရီဂြန္ျပည္နယ္ ပို႔တ္လန္း ေလဆိပ္မွာ အလာစကာ ေလေၾကာင္းနဲ႔ ခရီးသြားဖို႔ ေလယာဥ္ေစာင့္ေနတဲ့ ခရီးသည္ ၅ ႏွစ္သမီး Gabriella Gonzalez  ကေလးက အနားမွာ အတူ ေစာင့္ေနတဲ့ ခရီးသည္ရဲ႕ emotional support ေခြးဘီလူးစပ္ကေလးကို ( ေလွာင္အိမ္မပါ)  ပြတ္သပ္ေခ်ာ့ျမႇဴခြင့္ ေတာင္းခဲ့ ပါသတဲ့ ။  ခြင့္ျပဳလို႔ ေခြးကို ပြတ္သပ္ေခ်ာ့ျမႇဴစဥ္ ေခြးက ကေလးမကေလးရဲ႕ မ်က္ႏွာကို ကိုက္လိုက္လို႔ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္သြားပါတယ္။

Gabriella Gonzalez ကေလးမ်က္ႏွာက အသား၊ အေရ အ႐ိုး၊ မ်က္ရည္ေၾကာင္း စသည္တို႔ ပ်က္စီးကုန္လို႔ ခက္ခဲတဲ့ ခြဲစိပ္မႈေတြလိုအပ္ခဲ့တယ္ဆိုပါတယ္။ သူမ ရဲ႕မိခင္က ေခြးပိုင္ရွင္နဲ႔အတူ၊ ေခြးကို အမ်ားျပည္သူေနရာမွာေလွာင္အိမ္မပါဘဲေခၚခြင့္ျပဳတဲ့ အလာစကာ ေလေၾကာင္းလိုင္းနဲ႔ ပို႔တ္လန္း ေလဆိပ္တို႔ကို တရားစြဲတာပါ။ ကေလးရဲ႕ စိတ္ပိုင္း ႐ုပ္ပိုင္းထိခိုက္မႈနဲ႔ ေဆးကုစားရိတ္ေတြအတြက္ ေဒၚလာ ၁.၁ သန္း ေလွ်ာ္ေၾကးေတာင္းထားပါတယ္.

 သင္ခန္းစာကေတာ့ ဘယ္ေလာက္ပဲ သင္ၾကားထားတဲ့ တိရိစာၦန္ျဖစ္ပါေစ ပိုင္ရွင္က ေသေသခ်ာခ်ာကိုင္ေပးမထားရင္ မိမိတို႔ကေလးေတြနဲ႔ လႊတ္မထားမိဖို႔ပါ။

ဖိုးသုည

01-03-2019

https://www.dailymail.co.uk/news/article-6755277/Oregon-mother-suing-owner-emotional-support-dog-mauled-daughter-airport.html


https://www.dailymail.co.uk/news/article-2644266/US-Airways-flight-forced-make-emergency-landing-Truffles-service-dog-relieves-twice-aisle-making-passengers-vomit.html


No comments:

Post a Comment