Tuesday, 26 March 2019

ကိုယ္ရွဴးကိုယ္ပတ္ (ကိုယ်ရှူးကိုယ်ပတ်)


သူတပါးကို လက္တေခ်ာင္းထိုးလ်င္ က်န္ေလးေခ်ာင္း ကိုယ္ဖက္ျပန္ထိုးလိမ့္မယ္လို႔ လူႀကီးေတြက ေျပာေလ့ရွိပါတယ္။

Ryanair trolling of British Airways' mistake backfires

Ryanair ဆိုတာ အိုင္ယာလန္ႏိုင္ငံက သက္တမ္း ၃၄ ႏွစ္ရွိ ဘတ္ဂ်က္ေလေၾကာင္းလိုင္းႀကီးတခုပါ။ ေလယာဥ္ေပါင္း ၄၃၉ စီးနဲ႔ ဥေရာပ ၃၅ ႏိုင္ငံက ေလဆိပ္ ၂၂၅ ခုအၾကား ပ်ံသန္းေပးေနတာပါ။ 
25 August 1919 ေန႔မွာAircraft Transport and Travel Limited (AT&T) ဆိုၿပီးစတင္ခဲ့တဲ့ ယူေကရဲ႕ အလံတင္ ေလေၾကာင္းလိုင္း British Airways (BA) ကေတာ့ ကမာၻ႔တိုက္ႀကီးအားလုံးကို ပ်ံသန္းေပးေနတဲ့ ဝန္ေဆာင္မႉအျပည့္ေပးတဲ့ ေလေၾကာင္းလိုင္းႀကီးပါ။ တခ်ိန္ကBOAC ဆိုတဲ့နာမည္နဲ႔လုပ္ေနစဥ္ ျမန္မာႏိုင္ငံကိုလည္း ပ်ံသန္းခဲ့ဖူးပါတယ္။
ၿပီးခဲ့တဲ့ မတ္လ ၂၅ ရက္ေန႔ကေတာ့ BA ရဲ႕ခရီးစဥ္အမွတ္ BA3271ကိုေျပးဆြဲေပးတဲ့ ဂ်ာမဏီရဲ႕ အငွားေလေၾကာင္း WDL ပိုင္ေလယာဥ္တစီး လန္ဒန္ကေန ဂ်ာမဏီရဲ႕ ဒူဆယ္ေဒါ့ဖိကိုပ်ံသန္းရာမွာ ခရီးစဥ္လမ္းေၾကာင္းၫႊန္ၾကားမႈ flight plan မွားယြင္းၿပီး ယူေကႏိုင္ငံေျမာက္ပိုင္းက အီဒင္ဘာရာၿမိဳ႕ကိုေရာက္သြားပါတယ္။ အလြန္ျဖစ္ခဲတဲ့ အဲဒီလိုမွားယြင္းမႈ ဘယ္ကဘယ္လိုျဖစ္တယ္ဆိုတာ စုံစမ္းဆဲပါ။ 
https://www.flightradar24.com/data/flights/ba3271#1fec2463

အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီး ဘတ္ဂ်က္ေလေၾကာင္း Ryanairရဲ႕ တရားဝင္ Twitter အေကာင့္ကေန အိမ္နီးခ်င္း အကိုႀကီး BA ကို လွမ္းကလိပါတယ္။

Ryanair က BA ကို Geography for Dummies ပထဝီစာအုပ္လက္ေဆာင္ေပးဖို႔ရွိပါတယ္လို႔ ေနာက္သလိုလိုနဲ႔ တြယ္လိုက္ပါတယ္။ ေလယာဥ္ကြင္းမွားပ်ံသြားတာကို ရည္ၫႊန္းၿပီး သိကၡာခ်လိုက္တာပါ။
သူတိုကိုယ္သူတို႔ ႀကီးျမတ္တဲ့ လူမ်ိဳးလို႔ ဆိုတဲ့ အဂၤလိပ္ႀကီး BA ကေတာ့ "ဘယ္သူမွအမွားမကင္းတတ္ပါဘူး" လို႔ပဲ ယဥ္ယဥ္ေက်းေက်း တုန႔္ျပန္ခဲ့ပါတယ္။ 
ဒါေပမဲ့ ဆိုရွယ္မီဒီယာဆိုတာ ဒီေလာက္နဲ႔ ၿပီးလို႔မရပါ။ 
တျခားတ္ြီတာသုံးသူေတြက Ryanair ကို ပယ္ပယ္နယ္နယ္ တုန႔္ျပန္ၾကပါေတာ့တယ္။ 
အဲလိုတုန႔္ျပန္ၾကရာမွာ Ryanair အတြက္လက္ေဆာင္ ""မိမိတို႔ ေဖါက္သည္မ်ားကိုဝန္ေဆာင္မွု"  တို႔ 
" ဝန္ထမ္းခန႔္ထားျခင္းဆိုင္ရာဥပေဒ" ေတြရွိပါတယ္ဆိုတာေတြပါသလို 

ဇႏၷဝါရီ ၄ ရက္ေန႔က လန္ဒန္ကေနဂရိႏိုင္ငံ Thessalonikiကိုပ်ံတဲ့ Ryanair ခရီးစဥ္ အမွတ္ FR8582 ဟာ ျမဳဆိုင္းလို႔ ဆင္းမရလို႔ဆိုၿပီး အနီးအနားက ဆင္းလို႔ရတဲ့ ေလဆိပ္ေတြကို ေက်ာ္ၿပီး ေျမာက္ဘက္ မိုင္၅၀၀ အကြာ ႐ိုေမးနီးယားႏိုင္ငံ Timisoara ေလဆိပ္မွာဆင္းခဲ့ၿပီး ခရီးသည္ေတြကို ဘတ္စ္ကားအိုေတြနဲ႔ ၁၈ နာရီခရီးကေန သူတို႔သြားရမဲ့ Thessaloniki ၿမိဳ႕ကိုပို႔ေပးခဲ့တဲ့ အေၾကာင္း သည္ျဖင့္ဝိုင္းတိုက္ခိုက္တာခံလိုက္ရပါတယ္၊ 
https://www.independent.co.uk/travel/news-and-advice/ryanair-flight-greece-delayed-fog-romania-layover-stanstead-airport-compensation-a8713811.html

Ryanair ဆိုတာလည္းႏွယ္ႏွယ္ရရ မဟုတ္ပါ။ 
ခရီးသည္ေတြ မေက်နပ္လို႔ မၾကာမၾကာ ျပသနာလုပ္ခံရသလို ဝန္ထမ္းေတြ မေက်နပ္လို႔ ဆႏၵျပၾကတာလည္း မနည္းပါ၊
၀၁၈ တႏွစ္တည္းမွာ ၂ႀကိမ္ ပိုင္းေလာ့နဲ႔ တျခားဝန္ထမ္းေတြဆႏၵျပလို႔ ေလယာဥ္ခရီးစဥ္ေပါင္း ရာေက်ာ္ ဖ်က္သိမ္းခဲ့ရၿပီး ခရီးသည္ေတြကို ေလွ်ာ္ေၾကးမေပးလို႔ တရားတေဘာင္းလည္းျဖစ္ခဲ့ပါေသးတယ္။



မိမိကိုယ္တိုင္ အမဲစက္ေတြနဲ႔ ျပည့္ေနတာကိုမျမင္ပဲ သူတပါးအမွားကို လွမ္းၿပီးသိကၡာခ်မိကာမွ ကိုယ္ရွဴးကိုယ့္ပတ္တဲ့ တြီတာထဲက Ryanair အေၾကာင္းဖတ္ၿပီး ျမန္မာ့ေဖ့ဘုတ္ထဲက နာမည္ႀကီးတခ်ိဳကိုလည္းသြားၿပီး သတိရမိပါရဲ႕ 😉။ ဖိုးသုည
၂၇-၃-၂၀၁၉ 
(ေတာ္လွန္ေရးေန႔)



သူတပါးကို လက်တချောင်းထိုးလျင် ကျန်လေးချောင်း ကိုယ်ဖက်ပြန်ထိုးလိမ့်မယ်လို့ လူကြီးတွေက ပြောလေ့ရှိပါတယ်။
Ryanair ဆိုတာ အိုင်ယာလန်နိုင်ငံက သက်တမ်း ၃၄ နှစ်ရှိ ဘတ်ဂျက်လေကြောင်းလိုင်းကြီးတခုပါ။ လေယာဉ်ပေါင်း ၄၃၉ စီးနဲ့ ဥရောပ ၃၅ နိုင်ငံက လေဆိပ် ၂၂၅ ခုအကြား ပျံသန်းပေးနေတာပါ။
25 August 1919 နေ့မှာAircraft Transport and Travel Limited (AT&T) ဆိုပြီးစတင်ခဲ့တဲ့ ယူကေရဲ့ အလံတင် လေကြောင်းလိုင်း British Airways (BA) ကတော့ ကမ္ဘာ့တိုက်ကြီးအားလုံးကို ပျံသန်းပေးနေတဲ့ ဝန်ဆောင်မှူအပြည့်ပေးတဲ့ လေကြောင်းလိုင်းကြီးပါ။ တချိန်ကBOAC ဆိုတဲ့နာမည်နဲ့လုပ်နေစဉ် မြန်မာနိုင်ငံကိုလည်း ပျံသန်းခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကတော့ BA ရဲ့ခရီးစဉ်အမှတ် BA3271ကိုပြေးဆွဲပေးတဲ့ ဂျာမဏီရဲ့ အငှားလေကြောင်း WDL ပိုင်လေယာဉ်တစီး လန်ဒန်ကနေ ဂျာမဏီရဲ့ ဒူဆယ်ဒေါ့ဖိကိုပျံသန်းရာမှာ ခရီးစဉ်လမ်းကြောင်းညွှန်ကြားမှု flight plan မှားယွင်းပြီး ယူကေနိုင်ငံမြောက်ပိုင်းက အီဒင်ဘာရာမြို့ကိုရောက်သွားပါတယ်။ အလွန်ဖြစ်ခဲတဲ့ အဲဒီလိုမှားယွင်းမှု ဘယ်ကဘယ်လိုဖြစ်တယ်ဆိုတာ စုံစမ်းဆဲပါ။
အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဘတ်ဂျက်လေကြောင်း Ryanairရဲ့ တရားဝင် Twitter အကောင့်ကနေ အိမ်နီးချင်း အကိုကြီး BA ကို လှမ်းကလိပါတယ်။
Ryanair က BA ကို Geography for Dummies ပထဝီစာအုပ်လက်ဆောင်ပေးဖို့ရှိပါတယ်လို့ နောက်သလိုလိုနဲ့ တွယ်လိုက်ပါတယ်။ လေယာဉ်ကွင်းမှားပျံသွားတာကို ရည်ညွှန်းပြီး သိက္ခာချလိုက်တာပါ။
သူတိုကိုယ်သူတို့ ကြီးမြတ်တဲ့ လူမျိုးလို့ ဆိုတဲ့ အင်္ဂလိပ်ကြီး BA ကတော့ "ဘယ်သူမှအမှားမကင်းတတ်ပါဘူး" လို့ပဲ ယဉ်ယဉ်ကျေးကျေး တုန့်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ဆိုရှယ်မီဒီယာဆိုတာ ဒီလောက်နဲ့ ပြီးလို့မရပါ။
တခြားတ်ွီတာသုံးသူတွေက Ryanair ကို ပယ်ပယ်နယ်နယ် တုန့်ပြန်ကြပါတော့တယ်။
အဲလိုတုန့်ပြန်ကြရာမှာ Ryanair အတွက်လက်ဆောင် ""မိမိတို့ ဖေါက်သည်များကိုဝန်ဆောင်မှု"  တို့
" ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာဥပဒေ" တွေရှိပါတယ်ဆိုတာတွေပါသလို
ဇန္နဝါရီ ၄ ရက်နေ့က လန်ဒန်ကနေဂရိနိုင်ငံ Thessalonikiကိုပျံတဲ့ Ryanair ခရီးစဉ် အမှတ် FR8582 ဟာ မြုဆိုင်းလို့ ဆင်းမရလို့ဆိုပြီး အနီးအနားက ဆင်းလို့ရတဲ့ လေဆိပ်တွေကို ကျော်ပြီး မြောက်ဘက် မိုင်၅၀၀ အကွာ ရိုမေးနီးယားနိုင်ငံ Timisoara လေဆိပ်မှာဆင်းခဲ့ပြီး ခရီးသည်တွေကို ဘတ်စ်ကားအိုတွေနဲ့ ၁၈ နာရီခရီးကနေ သူတို့သွားရမဲ့ Thessaloniki မြို့ကိုပို့ပေးခဲ့တဲ့ အကြောင်း သည်ဖြင့်ဝိုင်းတိုက်ခိုက်တာခံလိုက်ရပါတယ်၊
Ryanair ဆိုတာလည်းနှယ်နှယ်ရရ မဟုတ်ပါ။
ခရီးသည်တွေ မကျေနပ်လို့ မကြာမကြာ ပြသနာလုပ်ခံရသလို ဝန်ထမ်းတွေ မကျေနပ်လို့ ဆန္ဒပြကြတာလည်း မနည်းပါ၊
၂၀၁၈ တနှစ်တည်းမှာ ၂ကြိမ် ပိုင်းလော့နဲ့ တခြားဝန်ထမ်းတွေဆန္ဒပြလို့ လေယာဉ်ခရီးစဉ်ပေါင်း ရာကျော် ဖျက်သိမ်းခဲ့ရပြီး ခရီးသည်တွေကို လျှော်ကြေးမပေးလို့ တရားတဘောင်းလည်းဖြစ်ခဲ့ပါသေးတယ်။
ယူကေက ခရီးသည်တွေကိုကောက်ယူတဲ့ စစ်တမ်းမှာ အညံ့ဆုံးလေကြာင်းလိုင်း အဖြစ် ၆ နှစ်ဆက်တိုက် သရဖူဆောင်းထားတဲ့ လေကြောင်းလိုင်းပါ။
မိမိကိုယ်တိုင် အမဲစက်တွေနဲ့ ပြည့်နေတာကိုမမြင်ပဲ သူတပါးအမှားကို လှမ်းပြီးသိက္ခာချမိကာမှ ကိုယ်ရှူးကိုယ့်ပတ်တဲ့ တွီတာထဲက Ryanair အကြောင်းဖတ်ပြီး မြန်မာ့ဖေ့ဘုတ်ထဲက နာမည်ကြီးတချိုကိုလည်းသွားပြီး သတိရမိပါရဲ့  😉 ဖိုးသုည
၂၇-၃-၂၀၁၉
(တော်လှန်ရေးနေ့)

Tuesday, 19 March 2019

Plane spotting ေလယာဥ္ေတြကို ေစာင့္ၿပီး ဓါတ္ပုံ႐ိုက္တဲ့ ဝါသနာ (ေဇာ္ဂ်ီဖြန့္)


Plane spotting ေလယာဥ္ေတြကို ေစာင့္ၿပီး ဓါတ္ပုံ႐ိုက္တဲ့ ဝါသနာ

ေလယာဥ္ေတြကို ေစာင့္ၿပီး ဓါတ္ပုံ႐ိုက္တဲ့ ဝါသနာဟာစိတ္ဝင္စားစရာေကာင္းပါတယ္။
လူအမ်ားစုဟာေလယာဥ္ေတြ ပ်ံတက္ ပ်ံဆင္းတာ ၾကည့္ရတာ စိတ္ဝင္စားေပမဲ့ အဲဒီေလယာဥ္ေတြကို အခ်ိန္ကုန္ခံ အပင္ပန္းခံၿပီး ေစာင့္ၾကည့္ဖို႔ ဓါတ္ပုံ႐ိုက္ဖို႔အထိ စိတ္ဝင္စားတာကေတာ့နည္းပါတယ္။

Plane spotting ဟာ ငွက္ေတြကို ေစာင့္ၾကည့္ ဓါတ္ပုံ႐ိုက္တဲ့ birding/ bird watching နဲ႔ ဆင္ေပမဲ့ မတူတာေတြ အမ်ားႀကီးရွိပါတယ္။
ငွက္ေတြကို ေစာင့္ၾကည့္တဲ့အခါ ဘာငွက္မ်ိဳးကိုေတြ႕ရမယ္ ဘယ္ေလာက္ ေစာင့္ရမယ္လို႔ ခန႔္မွန္းဖို႔ခက္သလို သူတို႔ရဲ႕ ထူးျခားတဲ့ သဘာဝ၊ အျပဳအမူ၊ မ်ိဳးစိပ္သစ္ေတြကိုလည္း မေမွ်ာ္လင့္ဘဲ ေတြ႕ရွိမွတ္တမ္းတင္ရႏိုင္ပါတယ္။

ဒီဘက္ေခတ္ plane spotting ကေတာ့ ဘယ္အခ်ိန္ ဘယ္ေလယာဥ္လာမယ္ ဘယ္ေလယာဥ္တက္မယ္ ဘာအမ်ိဳးအစား ဘယ္နံပတ္ဆိုတာပါ အင္တာနက္မွာ အခ်ိန္နဲ႔ တေျပးညီ ျပေနပါတယ္။ FlightRadar 24  တို႔ Fligthaware တို႔လို website ေတြမွာ ကိုယ္လိုသလို ရွာတတ္ဖို႔ပဲလိုတယ္။
သူတို႔မသိႏိုင္တာကေတာ့ စစ္ေလယာဥ္ေတြ အတက္အဆင္းကိုပါ။




တခ်ိဳ႕ေလဆိပ္ေတြဟာ plane spotter ေတြ အတြက္ အလြန္ အဆင္ေျပေပမဲ့ တခ်ိဳ႕ေလဆိပ္ေတြကေတာ့ အေတာ့ကိုအဆင္မေျပပါ။
httpswww.bne.com.aupassengershop-dine-exploreexploreplane-spotters

တခ်ိဳ႕ႏိုင္ငံေတြမွာ ေလဆိပ္ ထိန္းခ်ဳပ္ေမွ်ာ္စင္ (ATC) နဲ႔ ပိုင့္ေလာ့ေတြ ေျပာေနၾကတာကို မိမိေရဒီယိုနဲ႔ ဖမ္းယူတာ ခြင့္ျပဳပါတယ္။ ဘယ္ေလဆိပ္က ဘာအတြက္ ဘယ္ဖရီကြင္စီကိုသုံးတယ္ ဆိုတာကိုေတာ့ေလ့လာထားရပါတယ္။ သာမန္ေရဒီယိုေတြက အဲဒီလႈိင္းေတြကို ဖမ္းလို႔မရပါ။
တခ်ိဳ႕ေလဆိပ္ေတြက ေရဒီယိုဆက္သြယ္တာေတြကို ဒီမွာ https://www.liveatc.net/  နားေထာင္လို႔ရပါတယ္။
plane spotter ေတြဟာ ေရဒီယိုကိုဖြင္ၿပီး နားေထာင္ရင္း ေလယာဥ္အတက္အဆင္းကို ၾကည့္ရ ဓါတ္ပုံ၊ ဗီဒီယို ႐ိုက္ရတာ အေတာ္ အရသာရွိပုံရပါတယ္။ အထူးသျဖင့္ ဆိုး႐ြားတဲ့ ရာသီဥတုမွာ ပိုင္းေလာ့နဲ႔ ေလယာဥ္ကြင္း ေမွ်ာ္စင္တို႔ ေျပာတဲ့ စကားေတြကို ေရဒီယိုကဖမ္းရင္း ေလယာဥ္ ခက္ခက္ခဲခဲဆင္းလာတဲ့ ဗြီဒီယိုေတြကိုမွတ္တမ္းတင္ထားတာ ယူတ်ဳဘ္မွာေတြ႕ႏိုင္ပါတယ္။


တခ်ိဳ႕ေလဆိပ္ေတြမွာ ၿခံစည္း႐ိုးစပ္အထိသြားၿပီး ဓါတ္ပုံ႐ိုက္လို႔ ရေပမဲ့ တခ်ိဳ႕ေလဆိပ္ေတြမွာ ေျမအေနအထားက ၿခံစည္း႐ိုးစပ္အထိသြားလို႔မရသလို လုံၿခဳံေရးအရ တားျမစ္ထားတာေတြလည္းရွိပါတယ္။ တခ်ိဳ႕ေလဆိပ္ေတြမွာ ၿခံစည္း႐ိုးပတ္ခ်ာလည္ အပင္ႀကီးေတြက ကာေနတတ္ပါတယ္။


ထူးထူးျခားျခား အလယ္အေမရိက စိန႔္မာတင္ကြၽန္းက Princess Juliana InternationalAirport ကေတာ့ ေလဆိပ္ အစပ္နဲ႔ ပင္လယ္ကမ္းကပ္ေနၿပီး ဆင္းလာတဲ့ ေလယာဥ္ေတြက အလြန္နိမ့္တာေၾကာင့္ ဂ်က္ေလယာဥ္အင္ဂ်င္ေတြရဲ႕ တြန္းကန္မႈေၾကာင့္ ေအာက္တည့္တည့္မွာ နီးကပ္စြာရွိသူကို ထိခိုက္ႏိုင္ေၾကာင္း ဆိုင္းဘုတ္ေတြပါေထာင္ထားရပါတယ္။ အဲဒီက ကမ္း‌ေျခကိုလည္ရင္း ေလယာဥ္မ်ိဳးစုံကို အနီးကပ္ ဗြီဒီယို ၊ဓါတ္ပုံ႐ိုက္ရတဲ့ အေတြ႕အႀကဳံမ်ိဳးကိုေတာ့ တျခားဘယ္မွာမွ ရမယ္မထင္ပါ။
plane spotter အားလုံးနီးပါးဟာ ေလယာဥ္ေတြ၊ ေလဆိပ္၊ ေလေၾကာင္းလိုင္း ေတြ အေၾကာင္း အေတာ္မ်ားမ်ား ေလ့လာထားၾကၿပီး ျမင္တာနဲ႔ ဘာေလယာဥ္ရယ္လို႔ ေျပာႏိုင္ၾကပါတယ္။



သူတို႔လိုတာကေတာ့

(၁) စိတ္ရွည္မႈ၊

(၂) အေဝးကိုဆြဲအား‌ေကာင္းတဲ့ (သာမန္အားျဖင့္ 55 – 500 မီလီမီတာ) မွန္ဘီလူးပါ ကင္မရာေကာင္းေကာင္း။ ( DSLR camera ကိုသာအသုံးမ်ားၾကပါတယ္။ Bridge ကင္မရာေတြက မွန္ဘီလူးဆြဲအားပိုေကာင္းေပမဲ့ အရွိန္နဲ႔ ခ်ည္းကပ္လာတဲ့ ေလယာဥ္ကို လိုက္႐ိုက္တဲ့ အခါ ေမာ္တာနဲ႔ ႀကဳံ႔၊ ဆန႔္တဲ့ မွန္ဘီလူးက ေႏွးလို႔  ေလယာဥ္ရဲ႕ ေ႐ြ႕လ်ားမႈကို လိုက္လို႔ မမွီတာမ်ားပါတယ္။ ေဝးေဝးကေန႐ိုက္ရင္ေတာ့ ရပါတယ္။ ေဝးျပန္ေတာ့ ကင္မရာ နည္းနည္းေ႐ြ႕တာနဲ႔ ျမင္ကြင္း အလြန္ေဝးေဝးကို ေျပာင္းၿပီး မိမိလိုခ်င္တဲ့ ပုံရိပ္ေပ်ာက္သြားတတ္ပါတယ္။ ေခ်ာင္းၾကည့္ေပါက္မပါတဲ့ ကင္မရာေတြမွာ စကရင္ေပၚကပုံကို ေနေရာင္ေအာက္မွာ ၾကည့္လို႔ မလြယ္လို႔ သိပ္ အဆင္မေျပပါ။ )

(၃) အခ်က္ အလက္ေတြကို ႀကိဳတင္စုေဆာင္းမႈ
-      ကိုယ္သြားေစာင့္မည့္ ေလဆိပ္နဲ႔ ပတ္ဝန္းက်င္အေနအထား
-      ကိုယ္သြားေစာင့္မည့္ ေလဆိပ္မွာ spotting လုပ္လို႔ရမည့္ေနရာမ်ားနဲ႔ အဲဒီေနရာေတြကို ဘာနဲ႔ ဘယ္လိုသြားလို႔ရယ္။ (ဒီအေၾကာင္းေတြကို ဝါသနာတူမ်ားအခ်င္းခ်င္းရွဲထားတဲ့ ဘေလာ့ေတြ ဆိုရွယ္မီဒီယာဂ႐ုေတြကေနရႏိုင္ပါတယ္။ )
-      ေလဆိပ္မွာ ဘယ္ေျပးလမ္းကို ဘာအတြက္သုံးတယ္, ( အဆင္းလား အတက္လား) ဘယ္ဘက္ကိုဦးတည္သလဲ ။
-      ရာသီဥတု၊
-      ေလယာဥ္ အတက္ အဆင္းအခ်ိန္ဇယား၊

(၄) လိုအပ္တဲ့ အသုံးအေဆာင္မ်ား
-      ျခင္မကိုက္ေဆးရည္
-      ဦးထုပ္၊ ထီး၊ မိုးကာ
-      ေရဗူး၊ အစားအေသာက္၊
-      ထိုင္စရာ၊ ခင္းစရာ
-      အင္တာနက္ခ်ိတ္ထားတဲ့ ဖုန္းက မရွိမျဖစ္မဟုတ္ေပမဲ့ အလြန္ အသုံးတည့္ပါတယ္။ ဖုန္းထဲကေန ဘယ္ေလယာဥ္ တက္မယ္ ဆင္းမယ္။ အခ်ိန္ ဘယ္ေလာက္လိုေသးတယ္ စသည္တို႔ကို ၾကည့္လို႔ရေတာ့ နားလို႔ရပါတယ္။


ေနရာကို ဘယ္လိုေ႐ြးမလဲ

ဒါကိုေတာ့ အခ်က္၂ခ်က္ေပၚတည္ၿပီး ေ႐ြးၾကပါတယ္။

ဘယ္ေျပးလမ္းကို ဘာအတြက္သုံးေနလဲ။

 တခ်ိဳ႕ေလဆိပ္ေတြမွာ ေလတိုက္တဲ့ လားရာ မၾကာခဏေျပာင္းလို႔ ေလယာဥ္တက္တဲ့ ဆင္းတဲ့ ဦးတည္ရာကို ေျပာင္းေပးရပါတယ္။ သူတို႔အေခၚက Active runway ေပါ့။
ဥပမာ မဂၤလာဒုံေလယာဥ္ကြင္းေျပးလမ္းကို အရွ႕ေျမာက္ဘက္က ခ်ဥ္းကပ္လ်င္ ေျပးလမ္းနံပတ္က ၂၁ ျဖစ္ၿပီး အေနာက္ေတာင္ဘက္ (ေစာ္ဘြားႀကီဂကုန္းဘက္က) ကခ်ဥ္းကပ္လ်င္ေတာ့ ေျပးလမ္းနံပတ္က ၀၃ ျဖစ္သြားပါတယ္။ Active runway 21 ဆိုလ်င္ ေလယာဥ္ေတြ ေျမာက္ဥကၠလာဘက္ကဆင္းၿပီး ေစာ္ဘြားႀကီကုန္ဘက္ကိုပ်ံတက္ပါတယ္။ Active runway 03 ဆိုလ်င္ ေျပာင္းျပန္ေပါ့။



အဆင္းလား အတက္လား

ကိုယ္က ဆင္းတဲ့ ေလယာဥ္ေတြကို႐ိုက္မွာလား တက္တဲ့ ေလယာဥ္ေတြကို႐ိုက္မွာလားဆိုတာေပၚတည္လို႔ Active runway ရဲ႕ ဘယ္နားက စေပါ့မွာေစာင့္မလဲဆိုတာ‌ေ႐ြးရပါတယ္။

အတက္
ေလယာဥ္ေတြ ဆင္လ်င္း ေျပးလမ္း ဆုံးနားက စဆင္းေပမဲ့ ပ်ံတက္လ်င္ေတာ့ ေလယာဥ္အ႐ြယ္ေပၚတည္လို႔ ေျပးလမ္း အဆုံးကေန စ တက္တာရွိသလို အလယ္နားက စပ်ံတက္တာလည္းရွိပါတယ္။ ဘိုးအင္း ၇၃၇ တို႔ အဲယားဘတ္စ္ ေအ၃၂၀ တို႔လို႔ အလတ္စားေတြ ေျပလမ္းအစက စေျပးေပမဲ့ ေျပးလမ္း တဝက္ေလာက္မွာတင္ ေလထဲပ်ံတက္သြားၿပီးလိုရာကို ေကြ႕သြားပါတယ္။ အဲဒီအခါမွာ ေျပးလမ္း အဆုံးနားကေစာင့္ေနတဲ့ စေပါ့တာ အေနတဲ့ အေတာ္ေဝးေဝး ျမင့္ျမင့္ကိုေရာက္သြားတဲ့ေလယာဥ္ရဲ႕ ပုံပဲရပါတယ္။ ေျပးလမ္းတဝက္ေလာက္ကေနေစာင့္႐ိုက္လို႔ရလ်င္ ပုံေကာင္းရပါတယ္။ ဘိုးအင္း ၇၇၇ လို ၇၄၇ လို, အဲယားဘတ္စ္ ေအ ၃၈၀၊ ေအ၃၅၀ လို ေလယာဥ္အႀကီးစားေတြကေတာ့ ေျပးလမ္း ေလးပုံသုံးပုံေလာက္ကေနမွပ်ံတက္ၾကတာမ်ားပါတယ္.
အတက္မွာ ေလယာဥ္ဟာအရွိန္ျမႇင့္ထားၿပီး ၁၅ ဒီကရီ ေမာ့တက္လို႔ ကိုယ့္ျမင္ကြင္း႐ိုက္ကြက္ထဲမွာ ခဏပဲမိပါတယ္။ ဒါေပမဲ့ အတက္ကိုေအာက္ကေနပင့္႐ိုက္တဲ့အခါ ေလယာဥ္ဘီးေခါက္တဲ့ အဆင့္ေတြကို ပုံထဲမွာ မိႏိုင္ပါတယ္။
အတက္ ေျပးလမ္း အစမွာ႐ိုက္လ်င္ေတာ့ ေျပးလမ္းေပၚေကြ႕တက္တာ အရွိန္တင္တာ တို႔ကိုရႏိုင္သလို ေျပးလမ္းမ်ာေရရွိေနလ်င္ ေရမႈန္မ်ားဖြားသြားတာလည္းရႏိုင္ပါတယ္.







အဆင္း
အဆင္းဘက္ ေျပးလမ္းအစနားမွာေစာင့္လ်င္ေတာ့ ေလယာဥ္က အရွိန္လည္းေလ်ာ့ထားလို႔ ေလထဲကေလယာဥ္ရဲ႕ အနီးကပ္ပုံေကာင္းေကာင္း ရပါတယ္။ အဆင္းကို ေျပးလမ္းေပၚအထိ႐ိုက္ႏိုင္လ်င္ေတာ့ ဘီးက ေျပးလမ္းကိုထိၿပီး မီးခိုးေတြထြက္တာ၊ ဘီးထိၿပီး ခုန္သြားတာ၊ Air break ဖြင့္တာ  Thrust Reversal ေခၚ အင္ဂ်င္တြန္းအားကို ေျပာင္းျပန္ ကန္ေစၿပီး အရွိန္သတ္တာေတြကိုပါ ရႏိုင္ပါတယ္။
မိုး႐ြာ‌ေနတုန္း ဆင္းလာတဲ့ ေလယာဥ္ကိုေျပးလမ္းေပၚမွာ ဗြီဒီယို႐ိုက္လို႔ရလ်င္ Thrust Reversal ဖြင့္တဲ့ အခါ ဂ်က္တြန္းအားက ေျပာင္းျပန္တြန္းေတာ့ အင္ဂ်င္ေတြနားမွ ေရမႈန္ေတြ ဖြားသြားတာကိုေတြ႕ရႏိုင္တယ္ဆိုပါတယ္။ 









ကြင္းထဲ
ကြင္းထဲက ပုံေတြကေတာ့ ေလယာဥ္ တက္စီ ( Taxi) လုပ္တာ, ဂိတ္ထိုးတာ၊ ဂိတ္ကထြက္ၿပီး ရာဒါ ( Redder) တို႔ ေအလာ႐ြန္ ( Aileron) တို႔  အဘ္လီေဗတာ( elevator) စပြိဳင္လာ ( spoiler) တို႔ကို စစ္ေဆးတာ၊ ကြင္းထဲက ဝန္ထမ္းေတြ ေလယာဥ္ အတက္ အဆင္း ျပင္ဆင္တာ ေတြ ဗြီဒီယိုမွတ္တမ္းတင္လို႔ေကာင္းပါတယ္။





သာမန္လူေတြကေတာ့ ဒီေလေၾကာင္းလိုင္းက ဒီေလယာဥ္အမ်ိဳးအစား ဆိုတာေလာက္ပဲသိေပမဲ့ ဝါသနာရွင္ေတြကေတာ့ မ်ိဳးတူေလယာဥ္ေပမဲ့ တစီးခ်င္းစီကိုေသခ်ာမွတ္တမ္းယူၾကပါတယ္။ ေလယာဥ္ေမာင္းခန္းေဘးမွာေရးထားတဲ့ ေလယာဥ္ အမည္၊ သီးသန႔္ေဆးျခယ္ထားတဲ့ေလယာဥ္ ( special livery) စသည္ျဖင့္ေပါ့၊ ရွားပါးေလယာဥ္ေတြေတြ႕ရင္ေတာ့ အႀကိဳက္ေပါ့။ ဥပမာ ဘိုးအင္း၇၄၇ ဂ်မ္ဘိုဂ်က္ ခရီးသည္တင္ေလယာဥ္ေတြ မရွိသေလာက္ရွားသြားပါၿပီ။ ကုန္တင္ ၇၄၇ ေတြပဲက်န္ပါတယ္။ ေနာက္ေပါက္ plane spotter ေတြ အေနနဲ႔ အနားယူသြားတဲ့ ဘိုးအင္း၇၂၇ တို႔ DC 10 တို႔ကို တကယ္ပ်ံေနတာ မေတြ႕ႏိုင္ေတာ့ပါ။ အာရွမွာေတာ့ ႐ုရွားလုပ္ေလယာဥ္ေတြလည္းေတြရခဲပါတယ္။ အျပည္ျပည္ဆိုင္ရာေလယာဥ္ ကြင္းႀကီးေတြမွာ ေဒသတြင္းသုံး ပန္ကာတပ္ေလယာဥ္ငယ္ေတြ  ATR တို႔ တြင္ေအာ္တာတို႔ ေဖၚကာ F50 တို႔ေတြရခဲပါတယ္။ စစ္ေလယာဥ္ေတြကိုေတာ့ တခါတေလ ရွားရွားပါးပါးေတြ႕ရပါတယ္။








ဒီဝါသနာမ်ိဳးက ေလယာဥ္မဆင္းတဲ့နယ္ကလူေတြ အတြက္ မလြယ္ကူသလို အခ်ိန္ကုန္လည္း အလုပ္ရႈပ္ေပမဲ့ ဖုန္းထဲကဂိမ္းေဆာ့တာထက္ေတာ့ ပိုေကာင္းေသးတယ္ေျပာရေလမလား။
ဖိုးသုည


Plane spotting လေယာဉ်တွေကို စောင့်ပြီး ဓါတ်ပုံရိုက်တဲ့ ဝါသနာ (ယူနီကုဒ်)


Plane spotting လေယာဉ်တွေကို စောင့်ပြီး ဓါတ်ပုံရိုက်တဲ့ ဝါသနာ
လေယာဉ်တွေကို စောင့်ပြီး ဓါတ်ပုံရိုက်တဲ့ ဝါသနာဟာစိတ်ဝင်စားစရာကောင်းပါတယ်။
လူအများစုဟာလေယာဉ်တွေ ပျံတက် ပျံဆင်းတာ ကြည့်ရတာ စိတ်ဝင်စားပေမဲ့ အဲဒီလေယာဉ်တွေကို အချိန်ကုန်ခံ အပင်ပန်းခံပြီး စောင့်ကြည့်ဖို့ ဓါတ်ပုံရိုက်ဖို့အထိ စိတ်ဝင်စားတာကတော့နည်းပါတယ်။
httpswww.bne.com.aupassengershop-dine-exploreexploreplane-spotters

Plane spotting ဟာ ငှက်တွေကို စောင့်ကြည့် ဓါတ်ပုံရိုက်တဲ့ birding/ bird watching နဲ့ ဆင်ပေမဲ့ မတူတာတွေ အများကြီးရှိပါတယ်။
ငှက်တွေကို စောင့်ကြည့်တဲ့အခါ ဘာငှက်မျိုးကိုတွေ့ရမယ် ဘယ်လောက် စောင့်ရမယ်လို့ ခန့်မှန်းဖို့ခက်သလို သူတို့ရဲ့ ထူးခြားတဲ့ သဘာဝ၊ အပြုအမူ၊ မျိုးစိပ်သစ်တွေကိုလည်း မမျှော်လင့်ဘဲ တွေ့ရှိမှတ်တမ်းတင်ရနိုင်ပါတယ်။
ဒီဘက်ခေတ် plane spotting ကတော့ ဘယ်အချိန် ဘယ်လေယာဉ်လာမယ် ဘယ်လေယာဉ်တက်မယ် ဘာအမျိုးအစား ဘယ်နံပတ်ဆိုတာပါ အင်တာနက်မှာ အချိန်နဲ့ တပြေးညီ ပြနေပါတယ်။ Flight Radar 24  တို့ Fligthaware တို့လို website တွေမှာ ကိုယ်လိုသလို ရှာတတ်ဖို့ပဲလိုပါတယ်။
သူတို့မသိနိုင်တာကတော့ စစ်လေယာဉ်တွေ အတက်အဆင်းကိုပါ။


တချို့လေဆိပ်တွေဟာ plane spotter တွေ အတွက် အလွန် အဆင်ပြေပေမဲ့ တချို့လေဆိပ်တွေကတော့ အတော့ကိုအဆင်မပြေပါ။

 

တချို့နိုင်ငံတွေမှာ လေဆိပ် ထိန်းချုပ်မျှော်စင် (ATC) နဲ့ ပိုင့်လော့တွေ ပြောနေကြတာကို မိမိရေဒီယိုနဲ့ ဖမ်းယူတာ ခွင့်ပြုပါတယ်။ ဘယ်လေဆိပ်က ဘာအတွက် ဘယ်ဖရီကွင်စီကိုသုံးတယ် ဆိုတာကိုတော့လေ့လာထားရပါတယ်။ သာမန်ရေဒီယိုတွေက အဲဒီလှိုင်းတွေကို ဖမ်းလို့မရပါ။
တချို့လေဆိပ်တွေက ရေဒီယိုဆက်သွယ်တာတွေကို ဒီမှာ https://www.liveatc.net/ နားထောင်လို့ရပါတယ်။
plane spotter တွေဟာ ရေဒီယိုကိုဖွင်ပြီး နားထောင်ရင်း လေယာဉ်အတက်အဆင်းကို ကြည့်ရ ဓါတ်ပုံ၊ ဗီဒီယို ရိုက်ရတာ အတော် အရသာရှိပုံရပါတယ်။ အထူးသဖြင့် ဆိုးရွားတဲ့ ရာသီဥတုမှာ ပိုင်းလော့နဲ့ လေယာဉ်ကွင်း မျှော်စင်တို့ ပြောတဲ့ စကားတွေကို ရေဒီယိုကဖမ်းရင်း လေယာဉ် ခက်ခက်ခဲခဲဆင်းလာတဲ့ ဗွီဒီယို တွေကိုမှတ်တမ်းတင်ထားတာ ယူတျုဘ်မှာ တွေ့နိုင်ပါတယ်။

တချို့လေဆိပ်တွေမှာ ခြံစည်းရိုးစပ်အထိသွားပြီး ဓါတ်ပုံရိုက်လို့ ရပေမဲ့ တချို့လေဆိပ်တွေမှာ မြေအနေအထားက ခြံစည်းရိုးစပ်အထိသွားလို့မရသလို လုံခြုံရေးအရ တားမြစ်ထားတာတွေလည်းရှိပါတယ်။ တချို့လေဆိပ်တွေမှာ ခြံစည်းရိုးပတ်ချာလည် အပင်ကြီးတွေက ကာနေတတ်ပါတယ်။

ထူးထူးခြားခြား အလယ်အမေရိက စိန့်မာတင်ကျွန်းက Princess Juliana International Airport ကတော့ လေဆိပ် အစပ်နဲ့ ပင်လယ်ကမ်းကပ်နေပြီး ဆင်းလာတဲ့ လေယာဉ်တွေက အလွန်နိမ့်တာကြောင့် ဂျက်လေယာဉ်အင်ဂျင်တွေရဲ့ တွန်းကန်မှုကြောင့် အောက်တည့်တည့်မှာ နီးကပ်စွာရှိသူကို ထိခိုက်နိုင်ကြောင်း ဆိုင်းဘုတ်တွေပါထောင်ထားရပါတယ်။ အဲဒီက ကမ်း‌ခြေကိုလည်ရင်း လေယာဉ်မျိုးစုံကို အနီးကပ် ဗွီဒီယို ၊ဓါတ်ပုံရိုက်ရတဲ့ အတွေ့အကြုံမျိုးကိုတော့ တခြားဘယ်မှာမှ ရမယ်မထင်ပါ။


plane spotter အားလုံးနီးပါးဟာ လေယာဉ်တွေ၊ လေဆိပ်၊ လေကြောင်းလိုင်း တွေ အကြောင်း အတော်များများ လေ့လာထားကြပြီး မြင်တာနဲ့ ဘာလေယာဉ်ရယ်လို့ ပြောနိုင်ကြပါတယ်။

သူတို့လိုတာကတော့

(၁) စိတ်ရှည်မှု၊
(၂) အဝေးကိုဆွဲအား‌ကောင်းတဲ့ (သာမန်အားဖြင့် 55 – 500 မီလီမီတာ) မှန်ဘီလူးပါ ကင်မရာကောင်းကောင်း။ ( DSLR camera ကိုသာအသုံးများကြပါတယ်။ Bridge ကင်မရာတွေက မှန်ဘီလူးဆွဲအားပိုကောင်းပေမဲ့ အရှိန်နဲ့ ချည်းကပ်လာတဲ့ လေယာဉ်ကို လိုက်ရိုက်တဲ့ အခါ မော်တာနဲ့ ကြုံ့၊ ဆန့်တဲ့ မှန်ဘီလူးက နှေးလို့  လေယာဉ်ရဲ့ ရွေ့လျားမှုကို လိုက်လို့ မမှီတာများပါတယ်။ ဝေးဝေးကနေရိုက်ရင်တော့ ရပါတယ်။ ဝေးပြန်တော့ ကင်မရာ နည်းနည်းရွေ့တာနဲ့ မြင်ကွင်း အလွန်ဝေးဝေးကို ပြောင်းပြီး မိမိလိုချင်တဲ့ ပုံရိပ်ပျောက်သွားတတ်ပါတယ်။ ချောင်းကြည့်ပေါက်မပါတဲ့ ကင်မရာတွေမှာ စကရင်ပေါ်ကပုံကို နေရောင်အောက်မှာ ကြည့်လို့ မလွယ်လို့ သိပ် အဆင်မပြေပါ။ )
(၃) အချက် အလက်တွေကို ကြိုတင်စုဆောင်းမှု
  • -      ကိုယ်သွားစောင့်မည့် လေဆိပ်နဲ့ ပတ်ဝန်းကျင်အနေအထား
  • -      ကိုယ်သွားစောင့်မည့် လေဆိပ်မှာ spotting လုပ်လို့ရမည့်နေရာများနဲ့ အဲဒီနေရာတွေကို ဘာနဲ့ ဘယ်လိုသွားလို့ရယ်။ (ဒီအကြောင်းတွေကို ဝါသနာတူများအချင်းချင်းရှဲထားတဲ့ ဘလော့တွေ ဆိုရှယ်မီဒီယာဂရုတွေကနေရနိုင်ပါတယ်။ )

  • -      လေဆိပ်မှာ ဘယ်ပြေးလမ်းကို ဘာအတွက်သုံးတယ်, ( အဆင်းလား အတက်လား) ဘယ်ဘက်ကိုဦးတည်သလဲ ။
  • -      ရာသီဥတု၊
  • -      လေယာဉ် အတက် အဆင်းအချိန်ဇယား၊

(၄) လိုအပ်တဲ့ အသုံးအဆောင်များ
  • -      ခြင်မကိုက်ဆေးရည်
  • -      ဦးထုပ်၊ ထီး၊ မိုးကာ
  • -      ရေဗူး၊ အစားအသောက်၊
  • -      ထိုင်စရာ၊ ခင်းစရာ
  • -      အင်တာနက်ချိတ်ထားတဲ့ ဖုန်းက မရှိမဖြစ်မဟုတ်ပေမဲ့ အလွန် အသုံးတည့်ပါတယ်။ ဖုန်းထဲကနေ ဘယ်လေယာဉ် တက်မယ် ဆင်းမယ်။ အချိန် ဘယ်လောက်လိုသေးတယ် စသည်တို့ကို ကြည့်လို့ရတော့ နားလို့ရပါတယ်။


နေရာကို ဘယ်လိုရွေးမလဲ

ဒါကိုတော့ အချက်၂ချက်ပေါ်တည်ပြီး ရွေးကြပါတယ်။
ဘယ်ပြေးလမ်းကို ဘာအတွက်သုံးနေလဲ။
တချို့လေဆိပ်တွေမှာ လေတိုက်တဲ့ လားရာ မကြာခဏပြောင်းလို့ လေယာဉ်တက်တဲ့ ဆင်းတဲ့ ဦးတည်ရာကို ပြောင်းပေးရပါတယ်။ သူတို့အခေါ်က Active runway ပေါ့
ဥပမာ မင်္ဂလာဒုံလေယာဉ်ကွင်းပြေးလမ်းကို အရှ့မြောက်ဘက်က ချဉ်းကပ်လျင် ပြေးလမ်းနံပတ်က ၂၁ ဖြစ်ပြီး အနောက်တောင်ဘက် (စော်ဘွားကြီဂကုန်းဘက်က) ကချဉ်းကပ်လျင်တော့ ပြေးလမ်းနံပတ်က ၀၃ ဖြစ်သွားပါတယ်။ Active runway 21 ဆိုလျင် လေယာဉ်တွေ မြောက်ဥက္ကလာဘက်ကဆင်းပြီး စော်ဘွားကြီကုန်းဘက်ကိုပျံ တက်ပါတယ်။ Active runway 03 ဆိုလျင် ပြောင်းပြန်ပေါ့။

အဆင်းလား အတက်လား
ကိုယ်က ဆင်းတဲ့ လေယာဉ်တွေကိုရိုက်မှာလား တက်တဲ့ လေယာဉ်တွေကိုရိုက်မှာလားဆိုတာပေါ်တည်လို့ Active runway ရဲ့ ဘယ်နားက စပေါ့မှာစောင့်မလဲဆိုတာ‌ရွေးရပါတယ်။

အတက်

လေယာဉ်တွေ ဆင်လျင်း ပြေးလမ်း ဆုံးနားက စဆင်းပေမဲ့ ပျံတက်လျင်တော့ လေယာဉ်အရွယ်ပေါ်တည်လို့ ပြေးလမ်း အဆုံးကနေ စ တက်တာရှိသလို အလယ်နားက စပျံတက်တာလည်းရှိပါတယ်။ ဘိုးအင်း ၇၃၇ တို့ အဲယားဘတ်စ် အေ၃၂၀ တို့လို့ အလတ်စားတွေ ပြေလမ်းအစက စပြေးပေမဲ့ ပြေးလမ်း တဝက်လောက်မှာတင် လေထဲပျံတက်သွားပြီးလိုရာကို ကွေ့သွားပါတယ်။ အဲဒီအခါမှာ ပြေးလမ်း အဆုံးနားကစောင့်နေတဲ့ စပေါ့တာ အနေတဲ့ အတော်ဝေးဝေး မြင့်မြင့်ကိုရောက်သွားတဲ့လေယာဉ်ရဲ့ ပုံပဲရပါတယ်။ ပြေးလမ်းတဝက်လောက်ကနေစောင့်ရိုက်လို့ရလျင် ပုံကောင်းရပါတယ်။ ဘိုးအင်း ၇၇၇ လို ၇၄၇ လို, အဲယားဘတ်စ် အေ ၃၈၀၊ အေ၃၅၀ လို လေယာဉ်အကြီးစားတွေကတော့ ပြေးလမ်း လေးပုံသုံးပုံလောက်ကနေမှပျံတက်ကြတာများပါတယ်.
အတက်မှာ လေယာဉ်ဟာအရှိန်မြှင့်ထားပြီး ၁၅ ဒီကရီ မော့တက်လို့ ကိုယ့်မြင်ကွင်းရိုက်ကွက်ထဲမှာ ခဏပဲမိပါတယ်။ ဒါပေမဲ့ အတက်ကိုအောက်ကနေပင့်ရိုက်တဲ့အခါ လေယာဉ်ဘီးခေါက်တဲ့ အဆင့်တွေကို ပုံထဲမှာ မိနိုင်ပါတယ်။





အတက် ပြေးလမ်း အစမှာရိုက်လျင်တော့ ပြေးလမ်းပေါ်ကွေ့တက်တာ အရှိန်တင်တာ တို့ကိုရနိုင်သလို ပြေးလမ်းမျာရေရှိနေလျင် ရေမှုန်များဖွားသွားတာလည်းရနိုင်ပါတယ်.


အဆင်း
အဆင်းဘက် ပြေးလမ်းအစနားမှာစောင့်လျင်တော့ လေယာဉ်က အရှိန်လည်းလျော့ထားလို့ လေထဲကလေယာဉ်ရဲ့ အနီးကပ်ပုံကောင်းကောင်း ရပါတယ်။ အဆင်းကို ပြေးလမ်းပေါ်အထိရိုက်နိုင်လျင်တော့ ဘီးက ပြေးလမ်းကိုထိပြီး မီးခိုးတွေထွက်တာ၊ ဘီးထိပြီး ခုန်သွားတာ၊ Air break ဖွင့်တာ  Thrust Reversal ခေါ် အင်ဂျင်တွန်းအားကို ပြောင်းပြန် ကန်စေပြီး အရှိန်သတ်တာတွေကိုပါ ရနိုင်ပါတယ်။
မိုးရွာ‌နေတုန်း ဆင်းလာတဲ့ လေယာဉ်ကိုပြေးလမ်းပေါ်မှာ ဗွီဒီယိုရိုက်လို့ရလျင် Thrust Reversal ဖွင့်တဲ့ အခါ ဂျက်တွန်းအားက ပြောင်းပြန်တွန်းတော့ အင်ဂျင်အနားမှာ ရေမှုန်တွေ ဖွားသွားတာကိုတွေ့ရနိုင်တယ်ဆိုပါတယ်။  






ကွင်းထဲ

ကွင်းထဲက ပုံတွေကတော့ လေယာဉ် တက်စီ ( Taxi) လုပ်တာ, ဂိတ်ထိုးတာ၊ ဂိတ်ကထွက်ပြီး ရာဒါ ( Redder) တို့ အေလာရွန်Aileron) တို့  အဘ်လီဗေတာ( elevator) စပွိုင်လာ ( spoiler) တို့ကို စစ်ဆေးတာ၊ ကွင်းထဲက ဝန်ထမ်းတွေ လေယာဉ် အတက် အဆင် ပြင်ဆင်တာ တွေ ဗွီဒီယိုမှတ်တမ်းတင်လို့ကောင်းပါတယ်။






သာမန်လူတွေကတော့ ဒီလေကြောင်းလိုင်းက ဒီလေယာဉ်အမျိုးအစား ဆိုတာလောက်ပဲသိပေမဲ့ ဝါသနာရှင်တွေကတော့ မျိုးတူလေယာဉ်ပေမဲ့ တစီးချင်းစီကိုသေချာမှတ်တမ်းယူကြပါတယ်။ လေယာဉ်မောင်းခန်းဘေးမှာရေးထားတဲ့ လေယာဉ် အမည်၊ သီးသန့်ဆေးခြယ်ထားတဲ့လေယာဉ် ( special livery) စသည်ဖြင့်ပေါ့၊ ရှားပါးလေယာဉ်တွေတွေ့ရင်တော့ အကြိုက်ပေါ့။ ဥပမာ ဘိုးအင်း၇၄၇ ဂျမ်ဘိုဂျက် ခရီးသည်တင်လေယာဉ်တွေ မရှိသလောက်ရှားသွားပါပြီ။ ကုန်တင် ၇၄၇ တွေပဲကျန်ပါတယ်။ နောက်ပေါက် plane spotter တွေ အနေနဲ့ အနားယူသွားတဲ့ ဘိုးအင်း၇၂၇ တို့ DC 10 တို့ကို တကယ်ပျံနေတာ မတွေ့နိုင်တော့ပါ။ အာရှမှာတော့ ရုရှားလုပ်လေယာဉ်တွေလည်းတွေရခဲပါတယ်။ အပြည်ပြည်ဆိုင်ရာလေယာဉ် ကွင်းကြီးတွေမှာ ဒေသတွင်းသုံး ပန်ကာတပ်လေယာဉ်ငယ်တွေ  ATR တို့ တွင်အော်တာတို့ ဖေါ်ကာ F50 တို့တွေရခဲပါတယ်။ စစ်လေယာဉ်တွေကိုတော့ တခါတလေ ရှားရှားပါးပါးတွေ့ရပါတယ်။








ဒီဝါသနာမျိုးက လေယာဉ်မဆင်းတဲ့နယ်ကလူတွေ အတွက် မလွယ်ကူသလို အချိန်ကုန်လည်း အလုပ်ရှုပ်ပေမဲ့ ဖုန်းထဲကဂိမ်းဆော့တာထက်တော့ ပိုကောင်းသေးတယ်ပြောရလေမလား။

ဖိုးသုည
19-03-2019
ရန်ကုန်၊ စင်္ကာပူ ၊ မလေးရှား၊ဘရူနိုင်းတို့တွင်တွေ့ရသောလေယာဉ်အချို့
https://www.flickr.com/gp/128932501@N05/8412RX

ကမ္ဘာ့လေယာဉ်မျိုးစုံတို့ရဲ့ပုံနဲ့ အချက်အလက်များရှာရန်
https://www.planespotters.net/photos/latest