Wednesday, 25 May 2016

မိုးကြိုးမုန်တိုင်းကျနေချိန် အရေးပေါ်ဆက်သွယ်စရာရှိရင် မိုဘိုင်းဖုန်း ကိုသာသုံးပါ၊ ကြိုးဖုန်းကို မသုံးပါနဲ့။ (ယူနီကုဒ်)

မိုးကြိုးမုန်တိုင်းကျနေချိန် အရေးပေါ်ဆက်သွယ်စရာရှိရင် မိုဘိုင်းဖုန်း ကိုသာသုံးပါ၊ ကြိုးဖုန်းကို မသုံးပါနဲ့။
မိုးရွာနေတုန်း မိုဘိုင်းဖုန်းသုံး ရင် မိုးကြိုးပစ်ခံရဖို့ အန္တရာယ် ပိုမများပါ။

၂၀၀၆ က ဘီဘီစီနဲ့ BMJ ဆေးဂျာနယ်က ဆောင်းပါး တခုကြောင့် မိုးရွာထဲမှာ မိုဘိုင်းဖုန်းကို ကိုယ်နဲ့ အတူဆောင်ထားသူတွေ၊ မိုးရွာထဲမှာ မိုဘိုင်းဖုန်း သုံးသူတွေ မိုးကြိုးပစ်ခံရဖို့ ပိုများတယ်ဆိုပြီး အင်တာနက်မှာပြန့်ခဲ့ပါတယ်။

အဲဒါမမှန်ပါဘူးဆိုတာကို အမေရိကန် မိုးလေဝသဌာန မိုးကြိုးအန္တရာယ် ကာကွယ်ရေး ၊ အမေရိကန် စတန်းဖိုဒ် တက္ကသိုလ် ၊ သြစတေးသျှ မိုဘိုင်းဖုန်း ဆက်သွယ်ရေးအသင်းကြီး စတဲ့ မိုးကြိုးအန္တရာယ်ကို စနစ်တကျ လေ့လာကြတဲ့ဌာနကြီးတွေက အတိအလင်းပြောကြားပြီး ဖြစ်ပါတယ်။

၁။ မိုးရွာနေချိန်၊ မိုးကြိုးမုန်တိုင်းကျ နေချိန်တွေမှာ စိတ်ချရတဲ့ အဆောက်အဦ တွေထဲမှာ မနေဘဲ အပြင်မှာရှိနေရင်တော့ လူတိုင်း မိုးကြိုးပစ်ခံရမဲ့ အန္တရာယ် ရှိကြပါတယ်။

၂။ အဲဒီ အန္တရာယ်က အိတ်ထဲမှာ မိုဘိုင်းဖုန်းဆောင်ထားတာ သုံးစွဲတာတွေ နဲ့ ဆက်စပ်မှု မရှိပါဘူးတဲ့။
မိုဘိုင်းဖုန်း မှာ လျှပ်ကူးပစ္စည်းထက် လျှပ်ကာပစ္စည်းက ပိုများပြီး၊ ဖုန်းကသုံးတဲ့ ရေဒီယိုလှိုင်းက မိုးကြိုးကို ဆွဲဆောင်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

၃။ တချိန်ထဲမှာဘဲ မိုးရွာနေချိန် ကြိုးဖုန်း ( ကြိုးဖုန်း) နဲ့ ပြောနေရင်း ဖုန်းကြိုးကို မိုးကြိုးလျှပ်စစ်ဓါတ်ဝင်လို့ ဓါတ်လိုက် သေဆုံးတာကတော့ မိုးကြိုးကြောင့် သေဆုံးသူရဲ့ ၄-၅ ရာနှုန်း ရှိတယ်လို့ ဆိုပါတယ်။

၄။ အဲဒါကြောင့် မိုးကြိုးမုန်တိုင်းကျနေချိန် အရေးပေါ်ဆက်သွယ်စရာရှိရင် မိုဘိုင်းဖုန်း ကိုသာသုံးပါ ကြိုးဖုန်းကို မသုံးပါနဲ့လို့ အကြံပြုထားပါတယ်။

(အဲဒါကြောင့် မိုးကြိုးမုန်တိုင်းကျနေချိန် အရေးပေါ်ဆက်သွယ်စရာရှိရင် မိုဘိုင်းဖုန်း ကိုသာသုံးပါ ကြိုးဖုန်းကို မသုံးပါနဲ့လို့ အကြံပြုထားပါတယ်။)

မိုးကြိုးမုန်တိုင်းထဲမှာ အနားက ဒုက္ခရောက်နေသူကိုကူဖို့ ခေါ်စရာ မိုဘိုင်းဖုန်း လက်ထဲမှာ အဆင်သင့် မရှိတာက မိုးရွာထဲမှာ မိုဘိုင်းဖုန်း သုံးတာထက် ပို အန္တရာယ်ရှိတယ်လို့ မှတ်သားရကြောင်းပါ ခင်ဗျာ။

၅။ တခုတော့ရှိတာပေါလေ၊ မိုးရွာနေချိန် မိုဘိုင်းဖုန်းကို အားသွင်းကြိုး တန်းလန်းနဲ့ သုံးရင်တော့ ကြိုးဖုန်းကို သုံးသလိုဘဲ အန္တရာယ် ရှိပါတယ်။

ဖိုးသုညပါ။

ကျွန်တော်ဒီပို့စ်ကို အမေရိကန် မိုးလေဝသဌာန ရဲ့ http://www.srh.noaa.gov/srh/jetstream/lightning/lightning_faq.html
http://www.lightningsafety.noaa.gov/struck.shtml
အမေရိကန် စတန်းဖိုဒ် တက္ကသိုလ်ရဲ့ http://large.stanford.edu/courses/2012/ph250/agarwal1/
သြစတေးသျှ မိုလိုင်းဖုန်းဆက်သွယ်ရေးအသင်းကြီးရဲ့ http://www.amta.org.au/pages/Mobile.phones.and.lightning
တို့ကို ကိုးကားရေးသားပါသည်။

မိုးႀကိဳးမုန္တိုင္းက်ေနခ်ိန္ အေရးေပၚဆက္သြယ္စရာရွိရင္ မိုဘိုင္းဖုန္း ကိုသာသုံးပါ၊ ႀကိဳးဖုန္းကို မသုံးပါနဲ႔။ (ေဇာ္ဂ်ီဖြန္)့

မိုးႀကိဳးမုန္တိုင္းက်ေနခ်ိန္ အေရးေပၚဆက္သြယ္စရာရွိရင္ မိုဘိုင္းဖုန္း ကိုသာသုံးပါ၊ ႀကိဳးဖုန္းကို မသုံးပါနဲ႔။
မိုးရြာေနတုန္း မိုဘိုင္းဖုန္းသုံး ရင္ မိုးႀကိဳးပစ္ခံရဖို႔ အႏၲရာယ္ ပိုမမ်ားပါ။

၂၀၀၆ က ဘီဘီစီနဲ႔ BMJ ေဆးဂ်ာနယ္က ေဆာင္းပါး တခုေၾကာင့္ မိုးရြာထဲမွာ မိုဘိုင္းဖုန္းကို ကိုယ္နဲ႔ အတူေဆာင္ထားသူေတြ၊ မိုးရြာထဲမွာ မိုဘိုင္းဖုန္း သုံးသူေတြ မိုးႀကိဳးပစ္ခံရဖို႔ ပိုမ်ားတယ္ဆိုၿပီး အင္တာနက္မွာျပန္႔ခဲ့ပါတယ္။
အဲဒါမမွန္ပါဘူးဆိုတာကို အေမရိကန္ မိုးေလဝသဌာန မိုးႀကိဳးအႏၲရာယ္ ကာကြယ္ေရး ၊ အေမရိကန္ စတန္းဖိုဒ္ တကၠသိုလ္ ၊ ၾသစေတးသၽွ မိုဘိုင္းဖုန္း ဆက္သြယ္ေရးအသင္းႀကီး စတဲ့ မိုးႀကိဳးအႏၲရာယ္ကို စနစ္တက် ေလ့လာၾကတဲ့ဌာနႀကီးေတြက အတိအလင္းေျပာၾကားၿပီး ျဖစ္ပါတယ္။

၁။ မိုးရြာေနခ်ိန္၊ မိုးႀကိဳးမုန္တိုင္းက် ေနခ်ိန္ေတြမွာ စိတ္ခ်ရတဲ့ အေဆာက္အဦ ေတြထဲမွာ မေနဘဲ အျပင္မွာရွိေနရင္ေတာ့ လူတိုင္း မိုးႀကိဳးပစ္ခံရမဲ့ အႏၲရာယ္ ရွိၾကပါတယ္။

၂။ အဲဒီ အႏၲရာယ္က အိတ္ထဲမွာ မိုဘိုင္းဖုန္းေဆာင္ထားတာ သုံးစြဲတာေတြ နဲ႔ ဆက္စပ္မွု မရွိပါဘူးတဲ့။

မိုဘိုင္းဖုန္း မွာ လၽွပ္ကူးပစၥည္းထက္ လၽွပ္ကာပစၥည္းက ပိုမ်ားၿပီး၊ ဖုန္းကသုံးတဲ့ ေရဒီယိုလွိုင္းက မိုးႀကိဳးကို ဆြဲေဆာင္တာမ်ိဳး မရွိဘူးလို႔ ဆိုပါတယ္။

၃။ တခ်ိန္ထဲမွာဘဲ မိုးရြာေနခ်ိန္ ႀကိဳးဖုန္း ( ႀကိဳးဖုန္း) နဲ႔ ေျပာေနရင္း ဖုန္းႀကိဳးကို မိုးႀကိဳးလၽွပ္စစ္ဓါတ္ဝင္လို႔ ဓါတ္လိုက္ ေသဆုံးတာကေတာ့ မိုးႀကိဳးေၾကာင့္ ေသဆုံးသူရဲ့ ၄-၅ ရာႏွုန္း ရွိတယ္လို႔ ဆိုပါတယ္။

၄။ အဲဒါေၾကာင့္ မိုးႀကိဳးမုန္တိုင္းက်ေနခ်ိန္ အေရးေပၚဆက္သြယ္စရာရွိရင္ မိုဘိုင္းဖုန္း ကိုသာသုံးပါ ႀကိဳးဖုန္းကို မသုံးပါနဲ႔လို႔ အႀကံျပဳထားပါတယ္။
(အဲဒါေၾကာင့္ မိုးႀကိဳးမုန္တိုင္းက်ေနခ်ိန္ အေရးေပၚဆက္သြယ္စရာရွိရင္ မိုဘိုင္းဖုန္း ကိုသာသုံးပါ ႀကိဳးဖုန္းကို မသုံးပါနဲ႔လို႔ အႀကံျပဳထားပါတယ္။)
မိုးႀကိဳးမုန္တိုင္းထဲမွာ အနားက ဒုကၡေရာက္ေနသူကိုကူဖို႔ ေခၚစရာ မိုဘိုင္းဖုန္း လက္ထဲမွာ အဆင္သင့္ မရွိတာက မိုးရြာထဲမွာ မိုဘိုင္းဖုန္း သုံးတာထက္ ပို အႏၲရာယ္ရွိတယ္လို႔ မွတ္သားရေၾကာင္းပါ ခင္ဗ်ာ။

၅။ တခုေတာ့ရွိတာေပါေလ၊ မိုးရြာေနခ်ိန္ မိုဘိုင္းဖုန္းကို အားသြင္းႀကိဳး တန္းလန္းနဲ႔ သုံးရင္ေတာ့ ႀကိဳးဖုန္းကို သုံးသလိုဘဲ အႏၲရာယ္ ရွိပါတယ္။


ဖိုးသုညပါ။

ကၽြန္ေတာ္ဒီပို႔စ္ကို အေမရိကန္ မိုးေလဝသဌာန ရဲ့ ttp://www.srh.noaa.gov/srh/jetstream/lightning/lightning_faq.html
အေမရိကန္ စတန္းဖိုဒ္ တကၠသိုလ္ရဲ့ http://large.stanford.edu/courses/2012/ph250/agarwal1/http://large.stanford.edu/courses/2012/ph250/agarwal1/
ၾသစေတးသၽွ မိုလိုင္းဖုန္းဆက္သြယ္ေရးအသင္းႀကီးရဲ့ http://www.amta.org.au/pages/Mobile.phones.and.lightning
တို႔ကို ကိုးကားေရးသားပါသည္။

Sunday, 22 May 2016

လူေကာင္းလူေတာ္လား ၊ လူေတာ္လူေကာင္းလား။ (ေဇာ္ဂ်ီဖြန့္)

လူေကာင္းလူေတာ္လား ၊ လူေတာ္လူေကာင္းလား။ 
တခါက ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ပါတီ ဥကၠဌႀကီး၊ ေမာင့္က်က္သေရ ေခါင္းေပါင္း၊ ျမန္မာတိုက္ပုံ နဲ႔ ေတာင္ရွည္ ပုဆိုးကို ကုလားျဖဴေတြရဲ့ ရွုးဖိနပ္နဲ႔ ေပးစားၿပီး ပြဲတက္ဝတ္စုံ ျဖစ္ေအာင္လုပ္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ႀကီး ေနဝင္းက၊ ဆိုရွယ္လစ္နိုင္ငံေတာ္ႀကီးကို တည္ေဆာက္ရာမွာ လူေတာ္လူေကာင္းေတြ မလိုဘူး။
 ေတာ္ၿပီး မေကာင္းရင္ အလကားဘဲ။ က်ဳပ္တို႔လိုတာက လူေကာင္း လူေတာ္ေတြ၊ လူေကာင္းျဖစ္ဖို႔ ကပထမ၊ လူေကာင္းေတြ မေတာ္ရင္ ေတာ္ေအာင္ သင္ေပးလို႔ရတယ္ တဲ့။ စကားလုံးေတြ အတိအက်ေတာ့ မမွတ္မိေတာ့ပါ၊ အဓိပၸါယ္ကေတာ့ အဲဒီအတိုင္းပါဘဲ။
 ဖိုးသုညတို႔ အဲဒါကို ေက်ာင္းသားဘဝထဲက ဘဝင္မက်ခဲ့တာ အခုထိဘဲ။ 
လူေတာ္လူေကာင္း ဆိုတာ၊ ေတာ္ၿပီးမွေကာင္းတာလို႔ ဘယ္ေက်းဇူးရွင္က သံေတာ္ဦး သြားတင္တယ္မသိ။
 ဖိုးသုညရဲ့ ဘိန္းေစ့ေလာက္ (ႏွမ္းေစ့ထက္ေသးတယ္ေလ) ပညာနဲ႔ ဆင္ျခင္မိတာကေတာ့။ အဲဒီ (လူေတာ္လူေကာင္း) သူမွာ ဂုဏ္ပုဒ္ ၂ခုရွိတယ္၊ ေတာ္လဲေတာ္တယ္ ေကာင္းလဲေကာင္းတယ္။ ေတာ္ၿပီးမွေကာင္းတာလဲမဟုတ္၊ ေကာင္းၿပီးမွေတာ္တာလဲမဟုတ္၊ ဘယ္ဂုဏ္ပုဒ္ကို ေရွ႕ကထားထား အတူတူဘဲ။ လူေကာင္းလူေတာ္ = လူေတာ္လူေကာင္းဘဲ။ ဥပမာေျပာရရင္ဗ်ာ၊ ဘုန္းေတာ္အနႏၲ ဉာဏ္ေတာ္ အနႏၲ ႏွင့္ ျပည့္စုံေတာ္မူေသာျမတ္စြာဘုရား လို႔ဆိုတာနဲ႔ ဘဲ ျမတ္စြာဘုရားက ဘုန္းတန္ခိုးအာႏုေဘာ္ေတြ ျပည္စုံၿပီး ေနာက္မွ သဗၺညဳတ ေရႊဉာဏ္ေတာ္ကို ရတယ္လို႔ ေျပာၾကမလား။
 သန္မာထြားႀကိဳင္းသူ ဆိုတာ သန္မာၿပီးမွ ထြားႀကိဳင္းလာတာလား။
 စိတ္ေကာင္းေစတနာရွိသူ ဆိုတာ စိတ္ေကာင္းအရင္ရွိလို႔ ေစတနာကေနာက္မွ ရွိလာတာလား။
 ဂုဏ္ပုဒ္ဆိုတာ တခုထက္ပိုလာရင္ တညီတညာထဲ ထပ္တူျပဳ ေရးလို႔ရတာမွ မဟုတ္တာေလ။ အေရွ႕အေနာက္ တန္းစီေရးရတာဘဲ၊ အဲဒါကို အေရွ႕ကလာတဲ့ ဂုဏ္ပုဒ္က အရင္ျဖစ္တယ္လို႔ဆိုၿပီး ေျပာင္းျပန္လွန္ပစ္လိုက္ေတာ့ အဲဒီအသုံးအႏွုံး ႀကီးက ယေန႔အထိ စာအုပ္စာေပေတြထဲမွာ တရားဝင္။
 အဲဒီမတိုင္ခင္ကေတာ့ လူေတာ္လူေကာင္း လို႔ဘဲ သုံးခဲ့ၾကတာ မွတ္သားဖူးပါေၾကာင္း။ ကၽြန္ေတာ္ ေတြးတာမွားေနရင္လဲ ေထာက္ျပၾကပါဗ်ာ၊
 ျမန္မာစာက နဂိုထဲက ခပ္ညံ့ညံ့ရယ္။ ေရာက္တတ္ရာရာ အေတြးကေလးေတြေပါ့ဗ်ာ။
 ဖိုးသုညပါ

လူကောင်းလူတော်လား ၊ လူတော်လူကောင်းလား။ (ယူနီကုဒ်)

လူကောင်းလူတော်လား ၊ လူတော်လူကောင်းလား။
 တခါက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး၊ မောင့်ကျက်သရေ ခေါင်းပေါင်း၊ မြန်မာတိုက်ပုံနဲ့ တောင်ရှည်ပုဆိုးတို့ကို ကုလားဖြူတို့ရဲ့ ရှူးဖိနပ်ကြိးနဲ့ ပေးစားပြီး ပွဲတက်ဝတ်စုံ ဖြစ်အောင်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းက၊ ဆိုရှယ်လစ်နိုင်ငံတော်ကြီးကို တည်ဆောက်ရာမှာ လူတော်လူကောင်းတွေ မလိုဘူး။ တော်ပြီး မကောင်းရင် အလကားဘဲ။
ကျုပ်တို့လိုတာက လူကောင်း လူတော်တွေ၊ လူကောင်းဖြစ်ဖို့ ကပထမ၊ လူကောင်းတွေ မတော်ရင် တော်အောင် သင်ပေးလို့ရတယ် တဲ့။ 
စကားလုံးတွေ အတိအကျတော့ မမှတ်မိတော့ပါ၊
အဓိပ္ပါယ်ကတော့ အဲဒီအတိုင်းပါဘဲ။
 ဖိုးသုညတို့ အဲဒါကို ဘဝင်မကျခဲ့တာ အခုထိဘဲ။
 လူတော်လူကောင်း ဆိုတာ၊ တော်ပြီးမှကောင်းတာလို့ ဘယ်ကျေးဇူးရှင်က သံတော်ဦး သွားတင်တယ်မသိ။ ဖိုးသုညရဲ့ ဘိန်းစေ့လောက် (နှမ်းစေ့ထက်သေးတယ်လေ) ပညာနဲ့ ဆင်ခြင်မိတာကတော့။ အဲဒီသူမှာ (လူတော်လူကောင်း) ဂုဏ်ပုဒ် ၂ခုရှိတယ်၊ တော်လဲတော်တယ် ကောင်းလဲကောင်းတယ်။
တော်ပြီးမှကောင်းတာလဲမဟုတ်၊ ကောင်းပြီးမှတော်တာလဲမဟုတ်၊ ဘယ်ဂုဏ်ပုဒ်ကို ရှေ့ကထားထား အတူတူဘဲ။
လူကောင်းလူတော် = လူတော်လူကောင်းဘဲ။
 ဥပမာပြောရရင်ဗျာ၊ ဘုန်းတော်အနန္တ ဉာဏ်တော် အနန္တ နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား လို့ဆိုတာနဲ့ ဘဲ မြတ်စွာဘုရားက ဘုန်းတန်ခိုးအာနုဘော်တွေ ပြည်စုံပြီးနောက်မှ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတယ်လို့ ပြောကြမလား။ သန်မာထွားကြိုင်းသူ ဆိုတာ သန်မာပြီးမှ ထွားကြိုင်းလာတာလား။ 
စိတ်ကောင်းစေတနာရှိသူ ဆိုတာ စိတ်ကောင်းအရင်ရှိလို့ စေတနာကနောက်မှ ရှိလာတာလား။ ဂုဏ်ပုဒ်ဆိုတာ တခုထက်ပိုလာရင် တညီတညာထဲ ထပ်တူပြု ရေးလို့ရတာမှ မဟုတ်တာလေ။ အရှေ့အနောက် တန်းစီရေးရတာဘဲ၊ အဲဒါကို အရှေ့ကလာတဲ့ ဂုဏ်ပုဒ်က အရင်ဖြစ်တယ်လို့ဆိုပြီး ပြောင်းပြန်လှန်ပစ်လိုက်တော့ အဲဒီအသုံးအနှုံး ကြီးက ယနေ့အထိ စာအုပ်စာပေတွေထဲမှာ တရားဝင်။ အဲဒီမတိုင်ခင်ကတော့ လူတော်လူကောင်း လို့ဘဲ သုံးခဲ့ကြတာ မှတ်သားဖူးပါကြောင်း။ 
ကျွန်တော် တွေးတာမှားနေရင်လဲ ထောက်ပြကြပါဗျာ၊ မြန်မာစာက နဂိုထဲက ခပ်ညံ့ညံ့ရယ်။
 ဖိုးသုညပါ။

စကား စကား ေျပာပါမ်ား။ (ေဇာ္ဂ်ီ)

စကား စကား ေျပာပါမ်ား။
 ကေလးငယ္ငယ္ စကားတတ္ကာစအရြယ္တုံးက ေျပာခ်င္တာေျပာ ဆိုခ်င္တာဆို၊ ဆဲရင္ေတာင္ မပီကလာေလးမို႔ ခ်စ္စရာေလးတဲ့။
 ေလးငါးႏွစ္ အရြယ္ အေကာင္းအဆိုး နည္းနည္း သိလာေတာ့ ဆဲလို႔မရေတာ့ဘူး။
 ဆဲတာမေကာင္းမွန္း သိေနလၽွက္ ဆဲရင္ေတာ့ ႀကိမ္လုံးစာေပါ့။
 ဒါေပမဲ့ ရေသးတယ္ လူႀကီးစကား ကို လူတတ္လုပ္ေျပာတာတို႔၊ အၿမီးအေမာက္ မတဲ့တာတို႔၊ အဓိပါယ္မသိလို႔ ရိုင္းသြားတာတို႔။
 ဆယ္ေက်ာ္သက္။
မရေတာ့ဘူး နင္ဘဲငဆ၊ အၿမီးအေမာက္လဲ မတဲ့လို႔ မရေတာ့။ အေကာင္းအဆိုး အမွား အမွန္ နားလည္တဲ့ အရြယ္ေရာက္ၿပီေလ။
 ဒါေပမဲ့ ရေသးတယ္ စကားေတြအက်ယ္ႀကီးေျပာ၊ ဘန္းစကားေတြသုံး၊ မလိုအပ္ဘဲ ခြက္ထိုးခြက္လန္ရယ္၊ ဟိုမေရာက္ ဒီမေရာက္ စိတ္ကစားတဲ့ အရြယ္ေလ။
 ၂၀ ေက်ာ္ အစိတ္၊ ေက်ာင္းလဲၿပီး အလုပ္လဲဝင္ၿပီ၊ အရင္လို မရေတာ့ဘူးေပါ့။
 ကိုယ့္ အေျပာအဆိုက ကိုယ့္ ပုံရိပ္ကို ထင္ဟပ္ေစတာမို႔ ကိုယ့္ အသိုင္းအဝိုင္း၊ အလုပ္၊ ဂုဏ္သိကၡာကို ထိခိုက္ိႏုင္တဲ့ အေျပာအဆို အျပဳအမူေတြကို ေရွာင္ရၿပီ။
 လမ္းေဘးက ကေလကေခ် ေျပာသလို ေျပာတာတို႔ ၊ ႏွုတ္သီးေကာင္း လၽွာပါး တို႔၊ ငါး***ရန္ေတြ႕တို႔၊ ဖဲသမားစကားတို႔၊ အရက္ဝိုင္းစကားတို႔၊ ဒါမ်ိဳးေတြက ေတာ့ ဘာေတြဘယ္လိုေျပာေျပာ လူေတြက ေဘးမဲ့ေပးထားတယ္၊ လူရာကိုမသြင္းခ်င္တာ။ သာမန္လူေတြကေတာ့ အေျပာအဆို မရိုင္းဘူးဆို ၿပီးတာဘဲ ၊ ဒါေပမဲ့ အေၾကာင္းအရာကေတာ့ အေျခအျမစ္ ရွိရွိ မရွိရွိ ေျပာတယ္၊ မွားလဲ ျပႆနာ သိပ္မရွိ၊ တာဝန္ခံမွု သိပ္မရွိဘူးေပါ့။
လူေတြကလဲ သူတို႔ ေျပာတိုင္း ယုံ ေနတာမွ မဟုတ္တာကိုး။

 လူရိုေသ ရွင္ရိုေသ ေတြက်ေတာ့ အဲဒီလို မရေတာ့ဘူး။
အေျပာအဆိုလဲ မရိုင္းရဘူး၊ အေၾကာင္း အခ်င္းအရာကလဲ အေျခအျမစ္ ရွိမွ။
 ေက်ာင္းဆရာ ဆရာမမ်ား ေျပာရင္ တပည့္ေတြက မိဘေျပာတာထက္ ပိုယုံၾကတယ္။
သူတို႔ေတြ တလြဲေတြ ေျပာရင္ ကေလးေတြ အမ်ားႀကီး အမွတ္အယူ လြဲကုန္ေရာဗ်ာ။ ဘုန္းႀကီးနဲ႔ ဘာသာေရးဆရာေတြ တလြဲေတြ ေျပာရင္ေတာ့ ေတာ္ေတာ္ အႏၲရာယ္ႀကီးပါတယ္။
တပည့္တကာ တကာမ ေတြက လူႀကီးေကာ လူငယ္ပါ လူေတြအမ်ားႀကီး၊ ၾသဇာအာဏာရွိသူေတြပါ ပါတတ္ေတာ့ အမွတ္အယူ လြဲရာက မဟုတ္တဲ့ ကိစၥႀကီးေတြ ျဖစ္ကုန္၊ ျပႆနာေတြပါျဖစ္ကုန္ ေရာဗ်ာ။ အသက္ေတြ ဆုံးရွုံးၾကတာေတြလဲ ရွိပါရဲ့။
လက္ရွိလဲ ျပည္တြင္းေကာ ျပည္ပမွာပါ ျပႆနာႀကီး ငယ္ေတြ ျဖစ္ပ်က္ေနေလရဲ့။
 စာေရးဆရာေတြ တလြဲေတြ ေျပာရင္က်ေတာ့ သူ႔ရဲ့ ပရိတ္သတ္ လူတန္းစားေပါင္းစုံ လူေတြအမ်ားႀကီး ကို ထိခိုက္တာေပါ့၊ လူေတြက သူတို႔ ေလးစားတဲ့ သူေျပာတာ ယုံတာကိုး။
 ေဆးဆရာေတြ လြဲေတာ့လဲေတာ္ေတာ္ ဆိုးဆိုဘဲ။
သူတို႔ကိုယုံတဲ့ လူနာေတြသာမက လူနာေတြရဲ့ အသိုင္းအဝိုင္းကပါ ေဆးဆရာ (ဆရာဝန္) ကေျပာတာတဲ့ ဆိုၿပီး အယူအဆလြဲေတြကို ယုံၾကည္ လက္ခံသြားေတာ့၊ ကိုယ့္ကိုထိခိုက္ေစတဲ့ အေနအထိုင္ အေလ့အက်င့္ေတြ က်င့္ၾကသလို၊ လုပ္သင့္တာကို မလုပ္မိတာ၊ မလုပ္သင့္တာကို လုပ္မိတာ ေတြေၾကာင့္ အသက္အႏၲရာယ္ပါ ျဖစ္တတ္ပါတယ္။
 နိုင္ငံေရးသမားေတြလြဲရင္ေကာဗ်ာ? ဒါက်ေတာ့ အဲဒီသူရဲ့ အေရးပါ အရာေရာက္မွုေပၚတည္ၿပီး၊ သူ႔ကို ယုံသူေကာ မယုံသူေတြကိုပါ ပ်က္စီးေစပါသဗ်ား။
 နိုင္ငံေခါင္းေဆာင္ တေယာက္ အေျပာမွားရင္ ေတာ့ စစ္ပြဲေတြေတာင္ ျဖစ္နိုင္သလို တိုင္းျပည္လဲ ၿပိဳကြဲနိုင္ပါတယ္။ အဖြဲ႕အစည္း၊ အသိုင္းအဝိုင္းတခုခုရဲ့ ဦးေဆာင္သူေတြ ေျပာတာဆိုတာက်ေတာ့ အဖြဲ႕အစည္း၊ အသိုင္းအဝိုင္း ကိုေကာ မန္ဘာေတြကိုပါ အမ်ားကို ထိခိုက္ေစတာေပါ့။
 အရင္ကလို ထမင္းတနပ္ေလၽွာ့စားတို႔၊ ႏြားနို႔ေသာက္တို႔။ ဖေယာင္တိုင္မီးသုံးတို႔။ နယ္လွည့္ၿပီးပါးရိုက္လာတာတို႔။ အဲဒီလိုေျပာေတာ့ အေပၚက ဘယ္အုပ္စုထဲ ဝင္သြားတယ္ မသိ။
 ေျပာတဲ့စကားနဲ႔ ေျပာသူရဲ့ ရာထူးတာဝန္နဲ႔ ၊ ဘယ္လိုလူက သူတို႔တေတြကို အားကိုးရဲေတာ့မလဲ။
 အခုလဲစၿပီး ၾကားလာရျပန္ၿပီ နည္းနည္း နည္းနည္းနဲ႔။
 အေျပာအဆို အလြဲေလးေတြနဲ႔ ပတ္သက္တဲ့ ဖိုးသုညရဲ့ အျမင္ပါ။
လြတ္လပ္စြာ ေဝဘန္ေထာက္ျပနိုင္ပါတယ္ခင္ဗ်ာ။

စကား စကား ပြောပါများ။ (ယူနီကုဒ်)

စကား စကား ပြောပါများ။
 ကလေးငယ်ငယ် စကားတတ်ကာစအရွယ်တုံးက ပြောချင်တာပြော ဆိုချင်တာဆို၊ ဆဲရင်တောင် မပီကလာလေးမို့ ချစ်စရာလေးတဲ့။
 လေးငါးနှစ် အရွယ် အကောင်းအဆိုး နည်းနည်း သိလာတော့ ဆဲလို့မရတော့ဘူး။
 ဆဲတာမကောင်းမှန်း သိနေလျှက် ဆဲရင်တော့ ကြိမ်လုံးစာပေါ့။
 ဒါပေမဲ့ ရသေးတယ် လူကြီးစကား ကို လူတတ်လုပ်ပြောတာတို့၊ အမြီးအမောက် မတဲ့တာတို့၊ အဓိပါယ်မသိလို့ ရိုင်းသွားတာတို့။
 ဆယ်ကျော်သက်။
မရတော့ဘူး နင်ဘဲငဆ၊ အမြီးအမောက်လဲ မတဲ့လို့ မရတော့။ အကောင်းအဆိုး အမှား အမှန် နားလည်တဲ့ အရွယ်ရောက်ပြီလေ။
 ဒါပေမဲ့ ရသေးတယ် စကားတွေအကျယ်ကြီးပြော၊ ဘန်းစကားတွေသုံး၊ မလိုအပ်ဘဲ ခွက်ထိုးခွက်လန်ရယ်၊ ဟိုမရောက် ဒီမရောက် စိတ်ကစားတဲ့ အရွယ်လေ။
 ၂၀ ကျော် အစိတ်၊ ကျောင်းလဲပြီး အလုပ်လဲဝင်ပြီ၊ အရင်လို မရတော့ဘူးပေါ့။
 ကိုယ့် အပြောအဆိုက ကိုယ့် ပုံရိပ်ကို ထင်ဟပ်စေတာမို့ ကိုယ့် အသိုင်းအဝိုင်း၊ အလုပ်၊ ဂုဏ်သိက္ခာကို ထိခိုက်ိနုင်တဲ့ အပြောအဆို အပြုအမူတွေကို ရှောင်ရပြီ။
 လမ်းဘေးက ကလေကချေ ပြောသလို ပြောတာတို့ ၊ နှုတ်သီးကောင်း လျှာပါး တို့၊ ငါး***ရန်တွေ့တို့၊ ဖဲသမားစကားတို့၊ အရက်ဝိုင်းစကားတို့၊ ဒါမျိုးတွေက တော့ ဘာတွေဘယ်လိုပြောပြော လူတွေက ဘေးမဲ့ပေးထားတယ်၊ လူရာကိုမသွင်းချင်တာ။ သာမန်လူတွေကတော့ အပြောအဆို မရိုင်းဘူးဆို ပြီးတာဘဲ ၊ ဒါပေမဲ့ အကြောင်းအရာကတော့ အခြေအမြစ် ရှိရှိ မရှိရှိ ပြောတယ်၊ မှားလဲ ပြဿနာ သိပ်မရှိ၊ တာဝန်ခံမှု သိပ်မရှိဘူးပေါ့။
လူတွေကလဲ သူတို့ ပြောတိုင်း ယုံ နေတာမှ မဟုတ်တာကိုး။

 လူရိုသေ ရှင်ရိုသေ တွေကျတော့ အဲဒီလို မရတော့ဘူး။
အပြောအဆိုလဲ မရိုင်းရဘူး၊ အကြောင်း အချင်းအရာကလဲ အခြေအမြစ် ရှိမှ။
 ကျောင်းဆရာ ဆရာမများ ပြောရင် တပည့်တွေက မိဘပြောတာထက် ပိုယုံကြတယ်။
သူတို့တွေ တလွဲတွေ ပြောရင် ကလေးတွေ အများကြီး အမှတ်အယူ လွဲကုန်ရောဗျာ။ ဘုန်းကြီးနဲ့ ဘာသာရေးဆရာတွေ တလွဲတွေ ပြောရင်တော့ တော်တော် အန္တရာယ်ကြီးပါတယ်။
တပည့်တကာ တကာမ တွေက လူကြီးကော လူငယ်ပါ လူတွေအများကြီး၊ သြဇာအာဏာရှိသူတွေပါ ပါတတ်တော့ အမှတ်အယူ လွဲရာက မဟုတ်တဲ့ ကိစ္စကြီးတွေ ဖြစ်ကုန်၊ ပြဿနာတွေပါဖြစ်ကုန် ရောဗျာ။ အသက်တွေ ဆုံးရှုံးကြတာတွေလဲ ရှိပါရဲ့။
လက်ရှိလဲ ပြည်တွင်းကော ပြည်ပမှာပါ ပြဿနာကြီး ငယ်တွေ ဖြစ်ပျက်နေလေရဲ့။
 စာရေးဆရာတွေ တလွဲတွေ ပြောရင်ကျတော့ သူ့ရဲ့ ပရိတ်သတ် လူတန်းစားပေါင်းစုံ လူတွေအများကြီး ကို ထိခိုက်တာပေါ့၊ လူတွေက သူတို့ လေးစားတဲ့ သူပြောတာ ယုံတာကိုး။
 ဆေးဆရာတွေ လွဲတော့လဲတော်တော် ဆိုးဆိုဘဲ။
သူတို့ကိုယုံတဲ့ လူနာတွေသာမက လူနာတွေရဲ့ အသိုင်းအဝိုင်းကပါ ဆေးဆရာ (ဆရာဝန်) ကပြောတာတဲ့ ဆိုပြီး အယူအဆလွဲတွေကို ယုံကြည် လက်ခံသွားတော့၊ ကိုယ့်ကိုထိခိုက်စေတဲ့ အနေအထိုင် အလေ့အကျင့်တွေ ကျင့်ကြသလို၊ လုပ်သင့်တာကို မလုပ်မိတာ၊ မလုပ်သင့်တာကို လုပ်မိတာ တွေကြောင့် အသက်အန္တရာယ်ပါ ဖြစ်တတ်ပါတယ်။
 နိုင်ငံရေးသမားတွေလွဲရင်ကောဗျာ? ဒါကျတော့ အဲဒီသူရဲ့ အရေးပါ အရာရောက်မှုပေါ်တည်ပြီး၊ သူ့ကို ယုံသူကော မယုံသူတွေကိုပါ ပျက်စီးစေပါသဗျား။
 နိုင်ငံခေါင်းဆောင် တယောက် အပြောမှားရင် တော့ စစ်ပွဲတွေတောင် ဖြစ်နိုင်သလို တိုင်းပြည်လဲ ပြိုကွဲနိုင်ပါတယ်။ အဖွဲ့အစည်း၊ အသိုင်းအဝိုင်းတခုခုရဲ့ ဦးဆောင်သူတွေ ပြောတာဆိုတာကျတော့ အဖွဲ့အစည်း၊ အသိုင်းအဝိုင်း ကိုကော မန်ဘာတွေကိုပါ အများကို ထိခိုက်စေတာပေါ့။
 အရင်ကလို ထမင်းတနပ်လျှော့စားတို့၊ နွားနို့သောက်တို့။ ဖယောင်တိုင်မီးသုံးတို့။ နယ်လှည့်ပြီးပါးရိုက်လာတာတို့။ အဲဒီလိုပြောတော့ အပေါ်က ဘယ်အုပ်စုထဲ ဝင်သွားတယ် မသိ။
 ပြောတဲ့စကားနဲ့ ပြောသူရဲ့ ရာထူးတာဝန်နဲ့ ၊ ဘယ်လိုလူက သူတို့တတွေကို အားကိုးရဲတော့မလဲ။
 အခုလဲစပြီး ကြားလာရပြန်ပြီ နည်းနည်း နည်းနည်းနဲ့။
 အပြောအဆို အလွဲလေးတွေနဲ့ ပတ်သက်တဲ့ ဖိုးသုညရဲ့ အမြင်ပါ။
လွတ်လပ်စွာ ဝေဘန်ထောက်ပြနိုင်ပါတယ်ခင်ဗျာ။